ယူနန်လင်ချန်းသည် ရိုးရာလက်မှုအနုပညာဖြင့် ချမ်းသာကြွယ်ဝအောင် စီးပွားရှာသည့်“ရွှေသော့”ဖြစ်လာ

2018-09-17 18:02:21 |သတင်းအရင်းအမြစ် 云南日报

ရွာသူရွာသားတို့ ၀ါးအနုပညာပစ္စည်းများကို ရက်ကြစဉ်။

လင်ချန်းမြို့ လင်ရှန်မြို့နယ် ကျုံစန်ကျေးရွာသည် သဘာဝပေးစွမ်းသော အရင်းအမြစ်အားသာချက်ကို အမှီပြုပြီး ၀ါးရက်ခြင်းဒြပ်မဲ့အမွေအနှစ်အနုပညာကို ဆက်ခံသော တမူထူးခြားသည့် ခရီးသွားလာရေးကျေးရွာကို တည်ဆောက်ရန် အခွင့်အလမ်းကောင်းကို ဆုပ်ကိုင်ထားပြီး ကျွမ်းကျင်သော သမ၀ါယမအဖွဲ့ကို ထူထောင်လိုက်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်စွာ တွန်းတင်သည်။

ယခုလက်ရှိအချိန်ကာလတွင် အဆိုပါသမ၀ါယမအဖွဲ့သည် ၀ါးပင်(၁၀၀၀)မူကို စိုက်ပျိုးထားကာ (၅၇၆)ဦးကို အဖွဲ့ဝင်အဖြစ် ဆွဲဆောင်နိုင်ခဲ့သည်။ စစ်ချွမ်ဝါးရက်ခြင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆက်ခံသူအား ဖိတ်ကြားလိုက်ကာ အဖွဲ့ဝင်များအတွက် အတတ်ပညာမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပါသည်။ ရွာသူရွာသားတို့ ၀င်ငွေ တိုးများနိုင်ရန် နည်းလမ်းအသစ်ကို ရှာဖွေတွေ့ရှိနိုင်ခဲ့ပါသည်။

သတင်းထောက်--Li Qiuming