၂၀၁၈ ခုနှစ် နိုင်ငံတကာ Virtual Reality ဆန်းသစ်တီထွင်မှုအစည်းအဝေး ချင်းတောင်မြို့တွင် ကျင်းပ

2018-09-27 17:59:10 |သတင်းအရင်းအမြစ် 新华网

စက်တင်ဘာလ(၂၇)ရက်နေ့က ၂၀၁၈ ခုနှစ် နိုင်ငံတကာ Virtual Reality ဆန်းသစ်တီထွင်မှု အစည်း အဝေးအား တရုတ်နိုင်ငံချင်းတောင်မြို့တွင် ကျင်းပလျက်ရှိရာ နိုင်ငံနှင့်ဒေသ(၂၂)ခုမှ ကုမ္ပဏီလုပ်ငန်း (၁၃၀)ကျော် ပါဝင်ခဲ့ကြောင်း သိရပါသည်။ သတင်းအရ ယခုအကြိမ်အစည်းအဝေးတွင် ပြသသည့် Virtual Reality နည်းပညာသည် ယခုခေတ်ကာလတွင် လက်တွေ့အသုံးပြုနေသော နယ်ပယ်နှင့် လုပ်ငန်းကို လွမ်းခြုံမှုရှိကြောင်း သိရသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန(ကွန်ရက်သတင်း)
ဘာသာပြန်၊ Yunnan Gateway.

ပြင်ပစူးစမ်းစွန့်စားရခြင်း Virtual Reality အခြေအနေကို ပရိသတ်များ လက်တွေ့ခံစားနေစဉ်။

ပြပွဲတွင် Virtual Reality စက်ကိရိယာများကို ဧည့်သည်တော်များ လက်တွေ့လေ့လာနေစဉ်။

လေထီးခုန်ခြင်း Virtual Reality ကို ပြပွဲသို့ ပါဝင်သူတစ်ယောက်မှ လက်တွေ့ခံစားနေစဉ်။

ပျံသန်းမှု Virtual Reality စက်ကိရိယာများကို ပြပွဲသို့ ပါဝင်သူတစ်ယောက်မှ လက်တွေ့လေ့လာ နေစဉ်။