ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် နှစ်ပါတ်အတွင်း ယာဉ်မတော်တဆမှု (၂၂) ခု ဖြစ်ပွား

2018-10-15 16:58:48 |သတင်းအရင်းအမြစ် 新华网

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁) ရက်မှ (၁၄)ရက်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ် လျှောက် ယာဉ်မတော်တဆဖြစ်စဉ်(၂၂) ခု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းယာဉ်မတော်တဆမှုများတွင် သေဆုံး သူ ၂၁ ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။

အမြန်လမ်းမကြီးတွင် စိုက်ထူထားသည့် အရှိန်နှုန်းသတ်မှတ်ချက်ပြလမ်းညွှန်ဆိုင်းဘုတ်အားတွေ့ရစဉ် (ဓာတ်ပုံ--အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး)

သေဆုံးသူ ပေါင်း(၂၁)ဦးတွင် အမျိုးသား (၁၂)ဦး အမျိုးသမီး(၉) ရှိကြောင်း၊ ၎င်းယာဉ်မတော်တဆမှု များတွင် ဒဏ်ရာရသူ (၆၁)ဦး ရှိပြီး အမျိုးသား (၂၆)ဦး နှင့်အမျိုးသမီး (၃၅)ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။

ယာဉ်မတော်တဆမှုများတွင် အရှိန်ပြင်း(၄)မှု၊ အိပ်ငိုက်(၁) မှု၊ မဆင်မခြင်မောင်း(၄) မှု၊ ဘီးပေါက်(၅)မှု၊ စက်ချို့ ယွင်း(၁)မှု၊ ဆိုင်ကယ်(၇)မှု ရှိကြောင်း သိရသည်။

ကြံ့ခိုင်သောယာဉ်ကို ကျွမ်းကျင် ကျန်းမာသော ယာဉ်မောင်းမှ သတ်မှတ် အရှိန်နှုန်းအတိုင်း မောင်းနှင် ကြခြင်းဖြင့် ပြည်သူများမှ ပူးပေါင်းပါဝင်ကြစေလိုကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး၏ သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)