၂၀၁၈ ခုနှစ် အာရှတိုက်ကော်ဖီနှစ်ပတ်လည်အစည်းအဝေးကို နိုဝင်ဘာလတွင် မန်စီမြို့၌ ကျင်းပမည်

2018-10-18 16:00:04 |သတင်းအရင်းအမြစ် 云桥网

ယခုနှစ် နိုဝင်ဘာ(၁၁)နှင့် (၁၂)ရက်နေ့များတွင် အာရှတိုက်ကော်ဖီနှစ်ပတ်လည်အစည်းအဝေးကို မန်စီ မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံနှင့်ဒေသ(၄၀)မှ ကော်ဖီနယ်ပယ်ပညာရှင်နှင့် ခရီးသည် (၅၀၀) ကျော်သည် အဆိုပါအစည်းအဝေးသို့ တက်ရောက်ကာ ကော်ဖီလုပ်ငန်းတွင် ရင်ဆိုင်နေရသော ပြဿနာများ၊ ဖွံ့ဖြိုးတိုးတက်မှုများ စသဖြင့် အတူတကွ ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းအရ သိရပါ သည်။

ယခုအကြိမ် ကော်ဖီနှစ်ပတ်လည်အစည်းအဝေးသည် “အာရှတိုက်ကော်ဖီ၏ ခေတ်သစ်”အား အဓိက ဆွေးနွေးရန် ခေါင်းစဉ်အဖြစ် သတ်မှတ်ထားပြီး အာရှကော်ဖီအသင်း၊ တရုတ်နိုင်ငံတဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရမှ ဦးစီးကျင်းပသည်။

အစည်းအဝေးပွဲကျင်းပရာတွင် အာရှကော်ဖီစေ့အစိမ်း စံချိန်မီခြင်း Abody သက်သေပြုစနစ်ဆိုင်ရာ အကြောင်းနှင့် ဆောင်ရွက်ရန် တောင်းဆိုချက်များကို ကြေငြာမည်ဖြစ်ကြောင်း၊ ဝယ်ယူကုန်သည်များ သည်လည်း Abody သက်သေပြုစနစ်ဖြင့် စစ်ဆေးပြီး စံချိန်မီသော ကော်ဖီစေ့အစိမ်းများကို ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အာရှကော်ဖီအသင်းသည် သီရိလင်္ကာသက်ဆိုင်ရာဌာနနှင့် 《သီရိလင်္ကာ ကော်ဖီ လုပ်ငန်းဖွံ့ဖြိုးစေရန် တွန်းအားပေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်း》ကို လက်မှတ်ရေးထိုးခဲ့ ကြောင်း၊ သီရိလင်္ကာ၊ နီပေါနှင့် မြန်မာစသည့် အာရှတိုက်ကော်ဖီအသင်းအဖွဲ့ဝင်နိုင်ငံများ၏ အသင်းများ၊ လုပ်ငန်းရှင်များသည် တဟုန် Hogood ကော်ဖီကုမ္ပဏီလီမိတက်တို့နှင့်《ကော်ဖီထုတ်ကုန်သွင်း ကုန် ပို့ကုန်မှတ်တမ်း》ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း၊ အာရှတိုက်ကော်ဖီနှစ်ပတ်လည်အစည်းအဝေးပွဲ အသစ်တိုးလာမည့် ဒုအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များကို ကြေငြာမည်ဖြစ်ကြောင်း၊ ကော်ဖီဆန်းသစ် တီထွင်ခြင်းအနုပညာ၊ ကော်ဖီနှင့်ကျန်းမာရေး၊ ကော်ဖီလယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ခေတ်မီရေးဖွံ့ဖြိုး တိုးတက်မှု စသည့်ဖိုရမ်များကိုလည်း တချိန်တည်း ကျင်းပမည်ဖြစ်ကြောင်း မိတ်ဆက်ခြင်းအရ သိရပါ သည်။

ယခုအချိန်တွင် တစ်ကမ္ဘာလုံး၏ ကော်ဖီလုပ်ငန်းသည် ဆက်တိုက်တိုးများနေပြီး အာရှတိုက်ဈေးကွက် အား အထူးသဖြင့် တွန်းအားပေးနေသည်။ ၂၀၁၈ ခုနှစ် အာရှတိုက်၏ကော်ဖီစားသုံးခြင်းတိုးတက်နှုန်း သည် (၁၀%)ရောက်ရှိကာ ကမ္ဘာလုံးပျှမ်းမျှအရည်အသွေးထက် (၅)ဆ တိုးလာသည်။ ၂၀၁၈ ခုနှစ် အာရှတိုက်ကော်ဖီနှစ်ပတ်လည်အစည်းအဝေး ကျင်းပခြင်းသည် အာရှတိုက်ရှိ ကော်ဖီထုတ်လုပ်သော နိုင်ငံ အသီးသီးအကြား အချက်အလက်၊ သယံဇာတအား အတူမျှဝေရန်အတွက် အကျိုးဆောင်နိုင်မည် ဖြစ်သည့်အပြင် ကော်ဖီလုပ်ငန်းအား ကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေရန်လည်း တွန်းအားပေးနိုင် မည် ဖြစ်သည်။