တာ့လီနန်ကျန်ပိုင်ယူရွာ တောင်သူလယ်သမားများ စပ်ပြောင်းဆန်စိုက်ပျိုးရေးလုပ်ငန်းဖြင့် ၀င်ငွေတိုးလျက်ရှိ

2018-10-24 18:20:25 |သတင်းအရင်းအမြစ် 云南网

ယခုရက်ပိုင်းသည် စပ်ပြောင်းဆန်ရိတ်သိမ်းသည့်ကာလ ဖြစ်သည်။ တာ့လီပိုင်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ နန်ကျန်ယီတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ပိုင်ယူရွာ မှ တောင်သူလယ်သမားတို့သည် သာယာလှပသောရာသီတွင် စပ်ပြောင်းဆန်များကို ရိတ်သိမ်းပြီး နေလှန်းလျက်ရှိနေပါသည်။

စပ်ပြောင်းဆန်စိုက်ပျိုးရေးလုပ်ငန်းမှာ နန်ကျန်ခရိုင်ပိုင်ယူရွာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် ဖွံ့ဖြိုးတိုးတက်စေသော လုပ်ငန်း(၈)ခုအနက် တစ်ခုအပါအ၀င် ဖြစ်ပါသည်။ တောင်သူလယ်သမားတို့အား ဈေးကွက်၏လိုလားချက်အတိုင်း စိုက်ပျိုးရေးဖွဲ့စည်းပုံကို ထိန်းညှိနိုင်ရန် တက်ကြွစွာ လမ်းညွှန်ပေးပါသည်။ “ပါတီကလပ်စည်း + ကျွမ်းကျင်သော သမ၀ါယမအဖွဲ့+တောင်သူလယ်သမား”ဟူသောပုံစံဖြင့် ထူးခြားသော စပ်ပြောင်းဆန်စိုက်ပျိုးရေးလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေသည်။ တောင်သူလယ်သမားအိမ်ထောင်တစ်စုလျှင် ၃ ဧက စိုက်ပျိုးပါက ၀င်ငွေတရုတ်ယွမ် သောင်းဂဏန်းထိတိုးကာရရှိနိုင်ပါသည်။ လက်ရှိကာလတွင် ပိုင်ယူရွာသည် စပ်ပြောင်းဆန်(၅၀၀)ဧကကို စိုက်ပျိုးပြီဖြစ်ကာ တောင်သူလယ်သမားတို့ ၀င်ငွေတိုးများစေသော လုပ်ငန်းအသစ် ဖြစ်လာပါသည်။



သတင်းထောက်-Shi Zhihong