ယူနန်ကုန်စည်ပြပွဲကိုယ်စားလှယ်အဖွဲ့သည် တံခါး ပိုမိုဖွင့်လှစ်ရန် အခွင့်ကောင်းများကိုဆုပ်ကိုင်ထား

2018-11-06 18:29:10 |သတင်းအရင်းအမြစ် 云桥网

“ယူနန်လုပ်ငန်းအဖွဲ့ ဒီပြပွဲကို လာတက်ရောက်တာဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုရဲ့ ရပ်တည်ရာနေရာကို လေ့လာတာတင်မဟုတ်ဘဲ နိုင်ငံအသီးသီးတို့နဲ့ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှုကို ရှာဖွေတွေ့ရှိဖို့လည်း ဖြစ်ပါတယ်။” နိုဝင်ဘာလ(၅)ရက်နေ့က ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲကို ရှန်ဟိုင်းမြို့တွင် ကျင်းပရာ ယူနန်ကုန်စည်ပြပွဲကိုယ်စားလှယ်အဖွဲ့သည် ဤပြပွဲကို လေ့လာကြည့်ရှုရန် တက်ကြွစွာ ပါဝင်တက်ရောက်ပါသည်။ ပထမဆုံးအကြိမ် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲမှ ဖန်တီးပေးသည့်ပလက်ဖောင်းမှတစ်ဆင့် ကဏ္ဍအလွှာပေါင်းစုံအား တံခါးဖွင့်လှစ်မှုပုံစံကို ပြသကာ လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားခဲ့သည်။

“ဒီပြပွဲကို တက်ရောက်ဖို့အတွက် ကျွန်တော်တို့ အသိအမြင်ဖွင့်ထားပါတယ်။ အနာဂတ်ဖွံ့ဖြိုးမှုအတွက်ကိုလည်း ယုံကြည်စိတ် ပိုရရှိစေပါတယ်။” ယူနန်ခဲဖြူသတ္တုလုပ်ငန်းအဖွဲ့မှ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ Zhang Tao က ပြောသည်။ အဆိုပါပြပွဲ တက်ရောက်ပြီးနောက် အသိပွင့်စေကြောင်း၊ ကျွန်တော်တို့လုပ်ငန်းအဖွဲ့သည် ခေတ်နှင့်အညီ တံခါးဖွင့်လှစ်မှုနှင့်အတူမျှဝေခြင်း၊ ခေတ်မီသော ဒီဂျီတယ်နည်းပညာကို ကောင်းမွန်စွာအသုံးပြုခြင်း၊ မိမိလုပ်ငန်းအဖွဲ့ အရည်အသွေးကောင်းမွန်စွာဖြင့် ဖွံ့ဖြိုးတိုးတက်မှု စသည်တို့ကို စွဲစွဲမြဲမြဲ အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း သူက ဆက်လက်ပြောကြားပါသည်။

ဤအကြိမ်ပြပွဲတွင် ယူနန်ကိုယ်စားလှယ်အဖွဲ့သည် ထုတ်လုပ်မှုလုပ်ငန်း၊ ကျန်းမာရေးလုပ်ငန်း၊ မြစိမ်းရောင်စားသောက်ကုန်၊ ပြည်ပကုန်သွယ်ရေး၊ အမြန်ချောပို့လုပ်ငန်း စသည့်ကဏ္ဍမှ လုပ်ငန်းအဖွဲ့နှင့်ဌာနများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ နိုဝင်ဘာလ(၆)ရက်နေ့က ယူနန်နက်ရှိုင်းစွာ တံခါးဖွင့်ပြုပြင်ပြောင်းလဲမှုပုံရိပ်ကို ပြသရန် “တောင်အာရှ၊ အရှေ့တောင်အာရှ သွင်းကုန်ပြသစင်တာ” နှင့် “ထာဝစဉ် ရှင်သန်လျက်ရှိနေသော တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှ ကုန်စည်ပြပွဲ”ဟူသော အဓိကဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုများကို ကျင်းပကြောင်း သိရပါသည်။
သတင်းထောက်--Han Chengyuan၊ Zhang Ruogu