ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုး

2018-11-09 18:46:48 |သတင်းအရင်းအမြစ် 新华社

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း မူဘောင် သဘောတူညီချက်(Framework Agreement) အား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီ နှင့် CITIC Consortium တို့ အကြား သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းအား နိုဝင်ဘာလ(၈)ရက်နေ့တွင် နေပြည်တော်ရှိ စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဤစီမံကိန်း မူဘောင် သဘောတူညီချက်တွင် သဘောတူညီခဲ့သည့် အဓိက အချက်များမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် CITIC Consortium ဘက်မှ ၇၀ ရာခိုင်နှုန်း နှင့် မြန်မာဘက်မှ ၃၀ ရာခိုင်နှုန်း ဖြစ်ကြောင်း ၊ မြန်မာဘက်မှ ရှယ်ယာများအား ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီမှ ကနဦး ပိုင်ဆိုင်ပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို နောင်တွင် မြန်မာ ပုဂ္ဂလိက အများပိုင် အဖွဲ့ အစည်းကို လွှဲပြောင်း သွားရန် သဘောတူခဲ့ကြောင်း ၊ စီမံကိန်းကို တစ်ဆင့်ပြီး တစ်ဆင့် အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပြီး အဆင့်တစ်ခုမှ နောက်အဆင့် တစ်ခုကို တိုးချဲ့ မည် ဆိုပါက လိုအပ်သည့် အဓိက အချက်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။

(Xinhua)