ယူနန်ပြည်နယ်နိုင်ငံတကာ ပြည်သူ့အသင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ရန်ကုန်မြို့တွင် “ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ တီဗွီတစ်လုံး”လှူဒါန်း

2018-11-12 18:17:59 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်နိုင်ငံတကာ ပြည်သူ့အသင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့သည် နိုဝင်ဘာလ(၁)ရက်နေ့က ရန်ကုန်မြို့တွင် တတိယအကြိမ်“ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ တီဗွီတစ်လုံး”လှူဒါန်းပွဲကို ကျင်းပခဲ့ပြီး ဒေသခံဘုန်းတော်ကြီးကျောင်း(၅၄)ကျောင်းအား တီဗွီများကို လှူဒါန်းပေးအပ်ကာ (၃)နှစ်စာ SKYNET ဂြိုဟ်တုတီဗွီအစီအစဉ်ဝန်ဆောင်မှုကိုလည်း တပါတည်း ဝယ်လှူခဲ့ကြောင်း သတင်းအရ သိရပါသည်။

“မြန်မာပြည်က ဘုန်းတော်ကြီးကျောင်းမှာ များသောအားဖြင့် ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို ပညာ သင်ကြားပေးလေ့ရှိတယ်။ ‘ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ တီဗွီတစ်လုံး’ ပရဟိတစီမံကိန်းက ဘုန်းတော်ကြီးကျောင်းရဲ့ပညာသင်ကြားရေး အခြေခံအဆောက်အအုံကို ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ပြီးနောက် ဘုန်းကြီးတွေရော၊ မိဘမဲ့ဆင်းရဲနွမ်းပါးကလေးတွေပါ ပြင်ပကမ္ဘာက သတင်းအချက်အလက် လည်း ပိုမိုများပြားစွာ ရရှိနိုင်စေတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ရေးရာဦးစီးဌာနဌာနမှ တာဝန်ရှိလူကြီးက ပြောကြားခဲ့သည်။

ယခုအချိန်ထိတိုင်၊ ‘ဘုန်းတော်ကြီးကျောင်းတစ်ကျောင်း၊ တီဗွီတစ်လုံး’ ပရဟိတစီမံကိန်းသည် (၃)ကြိမ် လှူဒါန်းခဲ့ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် ယူနန်ပြည်နယ်နိုင်ငံတကာ ပြည်သူ့အသင်းပူးပေါင်း ဆောင်ရွက်မှုအဖွဲ့သည် ရန်ကုန်၏ ဘာသာစကားသင်ကြားရေးစင်တာတစ်ခုနှင့် ပူးပေါင်းပြီး အဆိုပါ ပရဟိတစီမံကိန်းကို (၂)ကြိမ် ကျင်းပခဲ့ပြီး ဒေသခံဘုန်းတော်ကြီးကျောင်း(၁၈၀)ဆီသို့ တီဗွီလှူဒါန်းခဲ့ပြီး ဘုန်းကြီးနှင့်ကလေးသူငယ်(၉)သောင်းအတွက် အကျိုးပြုနိုင်ခဲ့သည်။