ယူနန်ဖူမင်းထုတ်လုပ်သော စမတ်လက်ကိုင်ဖုန်းသည် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံဈေးကွက်သို့ ရောက်ရှိ

2018-11-26 09:10:49 |သတင်းအရင်းအမြစ် 昆明日报

ယခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလထိတိုင် ဖူမင်းခရိုင် စက်မှုလုပ်ငန်းထုတ်လုပ်မှု တန်ဖိုးမှာ တရုတ်ယွမ် (၅.၉)ဘီလီယံရှိပြီး ၎င်းအနက် ဖူရှင်သတင်းအချက်အလက် ကုမ္ပဏီ လီမိတက်၏ ထုတ်လုပ်မှုတန်ဖိုးမှာ တရုတ်ယွမ်(၄၄၀)သန်း ရောက်ရှိကြောင်း၊ ယခုရက်ပိုင်း ဤကုမ္ပဏီမှထုတ်လုပ်သည့် စမတ်လက်ကိုင်ဖုန်း(၄)သိန်းကျော်သည် အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား စသည့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ယူနန်ပြည်နယ် ဖူမင်းခရိုင်သိပ္ပံနည်းပညာစက်မှုလုပ်ငန်းနှင့် သတင်းအချ က်အလက်ဌာနမှ သိရပါသည်။

အဆိုပါကုမ္ပဏီမှ ၂၀၁၇ ခုနှစ် သြဂုတ်လက ဖူမင်းစမတ်စက်မှုလုပ်ငန်းဇုန်တွင် ပထမဆုံးလက်ကိုင်ဖုန်း ထုတ်လုပ်ပြီးနောက် နေ့စဉ် လက်ကိုင်ဖုန်း(၁၇၅၀၀)လုံး ထုတ်လုပ်လျက်ရှိပြီး ထည့်သွင်းထုပ်ပိုးကာ ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက် ရှိပါသည်။ ယခုလက်ရှိအချိန်တွင် ၎င်းကုမ္ပဏီသည် တရုတ်ယွမ်သန်း(၂၀၀)ကို ရင်းနှီးမြှုပ်နှံထားပြီဖြစ်ကာ ထုတ်လုပ်ရေးနှင့်ထည့်သွင်းထုပ်ပိုးခြင်းဌာန(၇)ခု၊ လက်ကိုင်ဖုန်း၏ SMT ထုတ်လုပ်ရေးဌာန (၂)ခုကို တည်ထောင်ခဲ့သည်။ အနာဂတ်တွင် ဤစီမံကိန်း၏ နှစ်စဉ်ထုတ်လုပ်မှုတန်ဖိုးမှာ နှစ်စဉ် ၃၀ ရာခိုင်နှုန်းတိုးမြှင့်သွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ်တွင် တရုတ်ယွမ်(၁၆.၅)ဘီလီယံ ရောက်ရှိရန် ရည်မှန်းထားသည်။

ဤစီမံကိန်းမှ နှစ်စဉ်နှစ်တိုင်း လက်ကိုင်းဖုန်း (၁၅)သန်းမှ သန်း(၂၀)ထိ ထုတ်လုပ်မည်ဖြစ်ကြောင်း၊ ၎င်းဖုန်းသည် အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ အမေရိကန်နှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံနှင့် အာဖရိကတိုက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဖူရှင်သတင်းအချက်အလက် ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက မိတ်ဆက်ပြောပြသည်။ ယခုတွင် စမတ်အသိဉာဏ်၊ အသံနှင့် အခြားကိရိယာ စသည့်ထုတ်ကုန်များသည် ဈေးကွက်သို့ ၀င်ရောက်နေပြီဖြစ်ကြောင်း၊ စမတ်ဖုန်းဖြစ်စေ၊ လက်ကိုင်ဖုန်းဖြစ်စေ တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံတွင် ဈေးကွက်ရှိပါကြောင်း၊ လက်ကိုင်ဖုန်း၏ ဈေးသက်သာခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ ဒေသကုမ္ပဏီသည် ၀ယ်ယူသည့်ကုန်ကျစရိတ်မှာ အခြားသောနိုင်ငံထက် လျော့နည်းခြင်း စသည်တို့ကြောင့် ဖြစ်ပါကြောင်း၊ အနာဂတ်တွင် ဘရာဇီး၊ ချီလီနှင့် ပြင်သစ် စသည့်နိုင်ငံများတွင် ပိုမိုကြီးမားသောဈေးကွက် တိုးချဲ့နိုင်လိမ့်မည်ဖြစ်ကြောင်း သူက ဆက်လက်ပြောပြပါသည်။

သတင်းထောက်--Zhang Xingyu ပုံ--www.kunming.cn