တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း အမြတ်အစွန်း ပထမ ၁၁ လအတွင်း ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာ

2018-12-28 18:19:01 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းကြီးများ၏ အမြတ်ငွေသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လျက်ရှိပြီး ၂၀၁၈ ခုနှစ်၏ ပထမ ၁၁ လတွင် ၁၁.၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း၊ ဇန်နဝါရီလမှ အောက်တိုဘာ ကာလအထိ ၁၃.၆ ရာခိုင်နှုန်းကျယ်ပြန့်မှုထက် ကျဆင်းခဲ့ကြောင်း အမျိုးသားစာရင်းအင်းဌာန (National Bureau of Statistics) က ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကဏ္ဍ ၄၁ ခုကို လေ့လာဆန်းစစ်ချက်အရ ကဏ္ဍ ၃၄ ခု ၏ အမြတ် အစွန်းသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ပြောင်းလဲခြင်းမရှိကြောင်း National Bureau of Statistics (NBS) ၏ ပြောကြားချက်အရ သိရသည်။

NBS ၏ စာရင်းဇယားများအရ သံမဏိကဏ္ဍ၊ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံတူးဖော်ရေး၊ ဓာတုပစ္စည်းများ နှင့် အထူးပစ္စည်းကိရိယာထုတ်လုပ်မှုများ အပါအဝင် စက်မှုလုပ်ငန်းများ အမြတ်ငွေ ၇၆.၆ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း NBS ၏ ထုတ်ပြန်ချက်အရသိရသည်။

နိုဝင်ဘာလအကုန်တွင် အဓိကစက်မှုလုပ်ငန်းကြီးများ၏ ကြွေးမြီနှင့် ပိုင်ဆိုင်မှုအချိုးသည် ပြီးခဲ့သည့် နှစ်ကထက် ၀.၄ ရာခိုင်နှုန်းကျလာခဲ့ပြီး ၅၆.၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)