နေရောင်ခြည်က အစောဆုံးရောက်တဲ့နေရာဟာ အရှေ့ဘက်ရဲ့ကျန့်ထန်မြို့နယ်ဖြစ်ပြီး တရုတ်နိုင်ငံမှာ ရှုခင်းအထူးခြားဆုံးနေရာမှာ ရှန်ဂရီလာဖြစ်တယ်။
ငွေရောင်ဖုံးနေတဲ့ဆီးနှင်းတောင်၊ ကျယ်ဝန်းတဲ့မြက်ခင်းပြင်ကြီး၊
ရဲရဲနီတဲ့ black henbane၊ ခမ်းနားတည်ကြည်တဲ့လာမာဘုန်းကြီးကျောင်း၊
ဒီမှာ ရှန်ဂရီလာဖြစ်တယ်။
ဒီမှာ ရှင်တို့တစ်နှစ်လုံးထဲမှာ ရှုခင်းသာကြည့်ချင်တဲ့စိတ်ဆန္ဒကို ပြည့်ဝစေနိုင်တယ်။
ရှန်ဂရီလာရဲ့နတ်ဖတ်ဟိုင်ရေကန်ကြီးသဘာဝရှုခင်းဇုန်မှာ
လှပတဲ့မြက်ခင်းပြင်ကြီးရှိတယ်။
မြက်ခင်းပြင်ကြီးစိမ်းလဲ့လဲ့၊ ကောင်းကင် ပြာလဲ့လဲ့၊
၎င်းတို့ ချိတ်ထားသကဲ့သို့တည်ရှိတယ်။
နွားများ၊ သိုးများ မြက်ခင်းအကြား စိတ်အေးလက်အေးလျှောက်နေတယ်။
လေတိုက်ရင် တစ်ခါတစ်လေမြက်ခင်းပဲတွေ့နိုင်၊ တစ်ခါတစ်လေနွားများ၊ သိုးများပဲ တွေ့နိုင်တယ်။
ပြာလဲ့လဲ့ကောင်းကင်နဲ့ ကြည်လင်တဲ့မြစ်ရေ ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို တွေ့မြင်နိုင်တယ်။
ဒီမှာ ရှန်ဂရီလာဖြစ်တယ်၊
ဒီမှာ တစ်နှစ်လုံး(၄)ရာသီရဲ့ရှုခင်းက မတူတဲ့လှပဆွဲဆောင်မှုကို ပြည့်ဝနေတယ်။
နွေဦးရာသီ၊ ပင်လယ်ကဲ့သို့ကျယ်တဲ့ ပန်းခင်း။ေ
ဆာင်းဦးရာသီရဲ့နတ်ဖတ်ဟိုင်က ဆောင်းဦးရာသီရဲ့အလှကို ပြည့်ဝစွာ ဖော်ပြနိုင်တဲ့နေရာပါ။
မေလီနှင်းတောင်ရဲ့ရေခဲတွေကို အရည်မပျော်သေးပါ၊ မြစ်ချောင်း၊ ရေကန်တို့ရဲ့ ရေစီးဆင်းမှုပမာဏကို တဖြည်းဖြည်းကြီးလာတယ်။ နာမည်မပြောတတ်တဲ့ပန်း အမျိုးမျိုးက မြစ်ချောင်း၊ ရေကန်ထဲမှာ ကျသွားပြီး ရေနဲ့အတူ အဝေးသို့ စီးဆင်း နေတယ်။ သမိုင်းရှည်လျှားတဲ့ ရွာဟောင်းရီလားရွာက တည်ငြိမ်စွာတည်ရှိတယ်။ ပန်းချီကားကဲ့သို့ လှပတယ်။
နွေရာသီ၊ ကြယ်များ ပျံ့နှံ့ပြင်ဆင်တဲ့ကောင်ကင်။
နေ့ဘက်ရဲ့နတ်ဖတ်ဟိုင်က ကောင်းကင်ပြာလဲ့လဲ့၊ တိမ်များဆင်းနှင်းကဲ့သို့ဖြူ၊
မြက်ခင်းပြင်ကြီးမှာ ရေကန်ကြီးတွေ စီခြယ်ထားနေတယ်။
ကောင်းကင်နဲ့တိမ်ဖြူကို ရေကန်ကြီးထဲမှာ အရိပ်ပြန်လည်ထင်ဟပ်လာတယ်။
မြင်းများက ကောင်းကင်ထဲမှာ လျှောက်သကဲ့သို့၊ တိမ်များ ရေကန်ထဲမှာ ကူး သကဲ့သို့ဖြစ်နေတယ်။
ညပိုင်းရဲ့နတ်ဖတ်ဟိုင်က နဂါးငွေ့တန်းထဲမှာ ရှိတယ်နဲ့တူတယ်။
ကောင်းကင်တစ်ခုလုံးမှာ ကြယ်များပျံ့နှံ့နေလျှက်
ကဗျာလောကရောက်ရှိနေကဲ့သို့ဖြစ်တယ်။
ဆောင်းကူးရာသီ၊ ရွှေရောင်လောကသို့ရောက်ရှိ။
နတ်ဖတ်ဟိုင်က မူလမှာ မြက်ခင်းပြင်ကြီးဖြစ်တယ်။
ဒါပေမဲ့ ဇူလိုင်လ၊ သြဂုတ်လပိုင်းမှာ မိုးရာသီဖြစ်လို့
မြက်ခင်းပြင်ကြီးက ပင်လယ်ပုံဖြစ်လာတယ်။
နွားများ၊ သိုးများ လမ်းပေါ်မှာ အေးအေးဆေးဆေးလျှောက်နေတယ်။
တိဗက်နွားလည်ပင်းမှာ ခေါင်းလောင်းတွေကို ဆွဲထားပြီး လမ်းလျှောက်ရာမှာ သာယာနာပျော်ကောင်းတဲ့အသံကို တီးမှုတ်နေတယ်။
ဒီမှာနေပါ၊ သဘာဝထဲမှာရှိတဲ့အပင်တွေ၊ တိရစ္ဆာန်တွေ…… သက်ရှိအားလုံး နဲ့ရောနှောလာတယ်၊ လူ့ဘောင်လောကရဲ့ဆူညံသံကို ခေတ္တမေ့ပစ်ပါ။
ဆောင်းရာသီ၊ ငှက်သဘင်၏ဇာတိ။
ဆောင်းရာသီလာပြီ၊ နတ်ဖတ်ဟိုင်မှာ မြက်ခင်းမရှိဘူး၊ ပန်းများလည်းမရှိဘူး။
ဒါပေမဲ့ ၎င်းက တကယ်အသက်မရှိဘူးလား၊ ဆွဲဆောင်မှုမရှိဘူးလား။
မဟုတ်ပါဘူး။
ရာသီအလိုက်ရွှေ့ပြောင်းနေတဲ့ငှက်မျိုးတွေကို အချိန်မီရောက်လာပြီ။
ဒီအချိန်ကာလရဲ့နတ်ဖတ်ဟိုင်က ငှက်သဘင်၏ဇာတိဖြစ်လာတယ်။