ဟိုဟာ အရပ်သားနေအိမ်လား။ မဟုတ်ဘူး၊ လီကျန်းခရီးသွားလာရေးအိမ်သာပါ

2018-01-25 17:39:32 |သတင်းအရင်းအမြစ် 云桥网

သတင်းထောက်သည် ဇန်နဝါရီလ ၂၄ ရက်နေ့က လီကျန်းမြို့တွင် သတင်းယူရာတွင် လူများ တစ်ဆင့်စကားပြောကြသော ခရီးသွားလာရေးအိမ်သာကို တွေ့မြင်ခဲ့ရသည်။ လွန်ခဲ့သောရက်ပိုင်းက ယူနန်၏ ပထမ"စမတ်အိမ်သာ"ကို လီကျန်းမြို့တွင် တည်ဆောက်ပြီးခဲ့သည်။ လူများက လီကျန်း ခရီးသွားလာရေးအိမ်သာကို ဂရုစိုက်ကြလာသည်။ အမှန်တော့ နည်းစနစ်ကျသော အုပ်ချုပ်မှုနှင့် နွေးထွေးသောဝန်ဆောင်မှုဖြင့် လီကျန်းသည် ခရီးသွားရှုခင်းဒေသအနေနှင့် ခရီးသွားလာရေးအိမ်သာ တည်ဆောက်ရေးတွင် တရုတ်ပြည်တွင်းတွင် ရှေ့တန်းနေရာသို့ ရောက်ရှိနေပြီး ဒေသအသီးသီးမှ ခရီးသွားဧည့်သည်များ၏ မြင့်မားသောချီးကျူးခြင်းကို ခံရခဲ့သည်။

ဤတစ်ခေါက် သတင်းယူရာတွင် လီကျန်းခရီးသွားလာရေးအိမ်သာမှာ ရှေးဟောင်းအရောင် အဆင်းအရည်အသွေးနှင့်ပြည့်စုံသည်လို့ သတင်းထောက်က ယူဆသည်။ လီကျန်း ရှိ ခရီးသွားလာရေးအိမ်သာတိုင်း၏ဒီဇိုင်းသည် ဒေသယဉ်ကျေးမှုနှင့် လိုက်ဖက်သည်။ တံခါးအပြင် ဘက်ရှိ အမှတ်အသားကို မတွေ့ရှိလျှင် နာရှီးယဉ်ကျေးမှုအရသာနှင့်ပြည့်စုံသော ခရီးသွားလာရေးအိမ် သာကို တိုင်းရင်းသားလူမျိုးစုဓလေ့ထုံးစံ ပေါ်လွင်သော အရပ်သားနေအိမ်အဖြစ် အထင်အမှတ်လွဲမှား သည်။(Yunnan Gatewayမှ သတင်းထောက်-လီဟိန်ချန်)