လျန်ချီချောင်း၏စင်းဟွေရှိနေအိမ်ဟောင်းပြတိုက်

2018-02-02 17:37:04 |သတင်းအရင်းအမြစ် 云桥网

ကွမ်တုန်းပြည်နယ်တောင်ပိုင်းတွင် နာမည်ကျော်ကြားသူ များစွာပေါ်ထွက်ခဲ့ပါသည်။ လှပ၍ ကြွယ်ဝချမ်းသာသော စင်းဟွေ့မြို့တွင် တရုတ်ခေတ်နီးသမိုင်းတွင် နာမည်ကျော်ကြားသော အတွေးအခေါ်ပညာရှင်၊ နိုင်ငံရေးပညာရှင်၊ ပညာရေး ပါရဂူ၊ စာပေပညာရှင်၊ သုတေသန ပညာရှင်နှင့်ပညာရပ်ဆိုင်ရာကဝိဆရာတစ်ဦး ထွက်ပေါ်လာခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်မှာ တရုတ်ပြည်၏ခေတ်နီးသမိုင်းတွင် ပညာစွယ်စုံကျမ်းကဲ့သို့ ''မွေးရာပါ ထူးချွန်သူ ဥာဏ်ကြီး ရှင်''ဟူ၍ အမည်တွင်ခဲ့သောလျန်ချီချောင်းပင် ဖြစ်ပါသည်။

လျန်ချီချောင်း၏နေအိမ်ဟောင်းသည် လှပစိမ်းလန်းသောဇာမဏီတောင်အောက်တွင် တည်ရှိသည်။ တစ်နိုင်ငံလုံးတွင် ထိန်းသိမ်းထားရမည့်အရေးပါရှေးဟောင်းပစ္စည်းဖြစ် သည်။ ယင်း၏တည်နေရာမှာ ကွမ်တုန်းပြည်နယ်ကျန်းမင်မြို့ စင်းဟွေ့ချာစိန်းရွာတွင် ဖြစ်ပါသည်။ ငါးကန်၊ ရေကွန်ရက်များဖြင့် မြေသြဇာကောင်းသောလယ်မြေတို့သည် လေးဘက်လေးတန်းတွင် ဝိုင်းပတ်လျက်ရှိနေသည်။ ညောင်ပင်ကြီး၊ ကျောက်ပြားခင်း လမ်းသွယ်၊ အစိမ်းရောင်အုတ်ဖြင့် ဆောက်သောအိမ်များတို့သည် စည်းကမ်းတကျ တည်ရှိ နေသည်။ လှုပ်ရှားသွားလာနေထိုင်သောရွာသားများသည် ရှေးဆန်၍ ရိုးသားကြသည်။ ဤနေရာသည်ကား မစ္စတာလျန်ချီချောင်း၏ မွေးဖွားရာဇာတိနှင့်ငယ်စဉ်ဘဝနေထိုင်ပညာ သင်ရာပင် ဖြစ်ပါသည်။

လျန်ချီချောင်း၏နေအိမ်ဟောင်းကို မန်ချူးမင်းဆက်ကွမ်းရွှီဘုရင်ခေတ်တွင် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ ရှေးဆန်ဆန်အစိမ်းရောင်အုတ်ဖြင့် ဆောက်ထားသော မြေ အုတ်ကြွကပ် တစ်ထပ်အိမ်ဖြစ်ပါသည်။ နေအိမ်ဟောင်းကို ပီတိစာဖတ်ခန်းနှင့်စင်္ကြံ စသည်တို့ဖြင့် ဖွဲ့စည်း ထားသည်။ နေအိမ်ဟောင်း၌ အလယ်ဗဟိုမှခန်းမဆောင်တစ်ခု၊ ရိုးရိုးသာမန်အခန်းတစ်ခု၊ ထမင်းစားခန်းတစ်ခု၊ ဘေးနှစ်ဖက်ခန်း တစ်ခုစီ၊ ခန်းမနှင့်သာမန်အခန်းများရှေ့တွင် ကောင်းကင်ပေါက်တစ်ခုစီရှိသည်။ သာမန်အခန်းဘေးတွင် လှေကားထစ်ရှိသည်။ ယင်း မှတစ်ဆင့် အပေါ်မှာရှိသော စာဖတ်ခန်းသို့ တိုက်ရိုက်ရောက်နိုင်သည်။ ပင်လယ်ရှုခင်းကို အဝေးမှ မျှော်ကြည့်နိုင်သည်။ ပီတိစာဖတ်ခန်းကို လျန်ချီချောင်း၏အဘိုးက ဆောက်ထား ခဲ့ခြင်းဖြစ်သည်။ ၎င်းနေရာသည် လျန်ချီချောင်းငယ်စဉ်အခါက စာဖတ်ခြင်းနှင့်ကွန်ဖြူးရှပ် ၏ အတွေးအခေါ်ကို လက်ခံသင်ယူရာနေရာဖြစ်သည်။ မန်ချူးမင်းဆက်ကွမ်းရွှီ ဘုရင် နန်းတက်ပြီးနောက် ၁၈ နှစ်အကြာ နွေရာသီတွင် လျန်ချီချောင်းသည် လက်ထပ်ပြီးစဇနီး လီဟွေ့ရှန်းနှင့်အတူ ရွာကိုပြန်လာသောအခါ စာဖတ်ခန်း၏ဘေးခန်းမှာ နေထိုင်သွားခဲ့ သည်။ သမီးကြီးလျန်စူးစွန့်လည်း ထိုအခန်းမှာပင်ဖွားမြင်ခဲ့သည်။

နေအိမ်ဟောင်းတွင် ဓာတ်ပုံကားချပ်များ၊ ရိုးရိုး မိတ်ဆက်စာများစွာကို ထားရှိပါသည်။ စာရေးသူကျွန်တော့အတွက်မူ လျန်ချီချောင်း၏ရိုးသား၍ မြင့်မြတ်သောဘဝ တစ်သက် တာကိုခံစားနားလည်နိုင်စေခဲ့ပါသည်။ လျန်ချီချောင်းသည် တရုတ်ခေတ်နီးသမိုင်းတွင် နိုင်ငံတော်ကို ခေတ်မီအောင် ပြုပြင်ရေးလှုပ်ရှားမှုကို စတင်ခဲ့သောခေါင်းဆောင်များအနက် တစ်ယောက်အပါအဝင်ဖြစ်ပါသည်။ သူသည် ခမ်းယိုဝေ စသူတို့နှင့်အတူ အခြေခံဥပဒေကို ခေတ်မီအောင် ပြုပြင်ရေးဆွဲသတ်မှတ်ရန်၊ ပွင့်ပွင့်လင်းလင်းစာတင်၍ အကြံပေးခြင်းနှင့် မန်ချူးမင်းဆက်ခေတ် ၁၈၉၈ ခုနှစ်၌ ဥပဒေပြုပြင်ရေးလုပ်ရှားမှုတို့ကို တိုက်တွန်းအားပေး ခဲ့ပါသည်။

လျန်ချီချောင်း၏နေအိမ်ဟောင်းကိုကြည့်ရှုလေ့လာခြင်း ဖြင့်ကြီးမြတ်သော ပုဂ္ဂိုလ်၏ ဘဝ တစ်သက်တာမှတ်တမ်းကို သိရှိနားလည်ခဲ့ပါသည်။ မြင့်မြတ်သော ပုဂ္ဂိုလ်၏ အတွေး အခေါ်ကို ပြန်ပြောင်းတွေးမိစေခဲ့သည်။ မိမိရင်တွင်း၌ လှိုက်လှိုက်လှဲလှဲ ဖြစ်မိသည့် ခံစားမှုထုတ်ဖေါ်နိုင်ခြင်းသည် လူ့ဘဝ၏ ပျော်ရွှင်စရာကိစ္စတစ်ရပ်ဟု ထင်မြင်မိပါ တော့သည်။

Online photos