ကူမင်းလောင်ယွီဟော်စိုစွတ်မြေပန်းခြံ ကျူးလစ်ပင်ပန်း ပွင့်ငုံလျက်ရှိပြီး နှစ်သစ်ကု

2018-02-09 18:32:00 |သတင်းအရင်းအမြစ် 云南日报

နှစ်သစ်ကူးပွဲတော်ရောက်လာတော့မည်နှင့်အညီ ကူမင်းလောင်ယွီဟော်စိုစွတ်မြေ ပန်းခြံ တတိယအကြိမ် ကျူးလစ်ပင်ပန်းပြပွဲ ကျင်းပသွားမှာဖြစ်သည်။ ပွင့်ငုံလျက်ရှိသော ကျူးလစ်ပန်းများသည် နွေဦးရာသီ၏ အနံ့အသက် ပျံ့နှံ့နေသည်။

ယခုနှစ် လောင်ယွီဟော်စိုစွတ်မြေပန်းခြံတွင် ကျင်းပြမည့် ကျူးလစ်ပင်ပန်းပြပွဲ၌ Queen of Night၊ ကမ္ဘာ့အချစ်၊ ရွှေရောင်၊ ဘုရင်ကိုယ်စားပြု အဝါရောင်၊ ရည်စား၊ Philandiစသည့် ကျူးလစ်ပင်ပန်း(၂၅)မျိုး၊ ပင်ပေါင်း(၁၂)သိန်းကို ပြသမည်ကြောင်း၊ ၎င်းပန်းမာလ်ပွင့်ဖူးသည့်ရာသီချိန်မှာ တစ်လကြာမြင့်မည်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်ရုံးပိတ် ရက်အတွက် လှပတင့်တယ်သော ကျူးလစ်ပင်ပန်းမာလ်ရှုခင်းသာ ဆောင်ကြဉ်းပေး ကြောင်း ယူနန်နေ့စဉ်သတင်းစာအရ သိရသည်။(စာ၊ ပုံ--ရန်ကျိန်)