နွေဦးပွဲတော်ရုံးပိတ်ရက်ကာလတွင် ယူနန်ပြည်နယ်သည် ခရီးသွားလုပ်ငန်းမှ တရုတ်ယွမ်(၁၉.၂၉၃)ဘီလီယံ ရရှိ

2018-02-22 17:21:56 |သတင်းအရင်းအမြစ် 云桥网

“ယူနန်ပြည်နယ် ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ရုံးပိတ်ရက်ကာလတွင် ခရီးသွားလုပ်ငန်း အထွေထွေအခြေအနေ၏ အစီရင်ခံစာ”ဖေဖော်ဝါရီလ(၂၂)ရက်နေ့က ထုတ်ပြန်သည်။ ၎င်းအစီရင်ခံစာအရ ၂၀၁၈ ခုနှစ် နွေဦးပွဲတော်ရုံးပိတ်ရက်ကာလတွင် ယူနန်ပြည်နယ်သည် ခရီးသည်ဦးရေ(၂၈၈၁.၅၁) သောင်း ဧည့်ခံပြီး အလားတူကာလထက် ၂၅.၄၇ % တိုးများလာသည်။ ၎င်းအနက် ညအိပ်အလည်အပတ်ခရီးသည်ဦးရေ(၄၁၈.၃၆)သောင်း ဧည့်ခံပြီး အလားတူကာလထက် ၂.၅၃ % ကျဆင်းသည်။ နေ့ချင်းပြန်ခရီးသည်ဦးရေ(၂၄၆၃.၁၅)သောင်း ဧည့်ခံပြီး အလားတူကာလထက် ၃၁.၀၉ % တိုးများလာသည်။ ခရီးသွားလုပ်ငန်းမှ တရုတ်ယွမ်(၁၉.၂၉၃)ဘီလီယံ ရရှိခဲ့ရာ အလားတူကာလထက် ၄၂.၃၅% တိုးများလာသည်။

ယခုနှစ် ယူနန်ပြည်နယ်ရှိ အဓိကရှုခင်းသာဒေသ(၂၂)ခုသည် ခရီးသည်ဦးရေ(၁၈၄.၈)သောင်း ဧည့်ခံပြီး အလားတူကာလထက် ၁.၆ % ကျဆင်းသွားကြောင်း၊ ယူနန်ပြည်နယ်တွင် လောဖျင်ကျူလုံးရေတံခွန်မှာ လည်ပတ်သည့်ခရီးသည်အများဆုံး ရှုခင်းသာဒေသဖြစ်ပြီး ခရီးသည်ဦးရေ(၂၃.၄၇)သောင်း ဧည့်ခံကာ ယမန်နှစ်အလားတူကာလထက် ၁၆ % တိုးများလာကြောင်း၊ ယွီရှီဖူရှန်ကန်သည် လည်ပတ်သည့်ခရီးသည် ဒုတိယအများဆုံး ရှုခင်းသာဒေသဖြစ်ပြီး ခရီးသည်ဦးရေ(၁၉.၉၃)သောင်း ဧည့်ခံကာ ယမန်နှစ်အလားတူကာလထက် ၄၁% တိုးများလာကြောင်း၊

ကူမင်းကျောက်တောဥယျာဉ်သည် လည်ပတ်သည့်ခရီးသည်တတိယအများဆုံး ရှုခင်းသာဒေသဖြစ်ပြီး ခရီးသည်ဦးရေ(၁၉.၆၄)သောင်း ဧည့်ခံကာ ယမန်နှစ်အလားတူကာလထက် ၄.၉% တိုးများလာကြောင်း Yunnan Gateway ဝက်ဘ်ဆိုက် သတင်းအရ သိရသည်။