ယူနန်ရွှေလီနယ်စပ်စစ်ဆေးဂတ်မှ သတင်းအရ နွေဦးပွဲတော်ရုံးပတ်ရက်ကာလတွင် ရွှေလီ နယ်စပ်စစ်ဆေးရေးဂတ်မှ ၀င်ထွက်ခဲ့သည့် ခရီးသည်ဦးရေမှာ နှစ်သိန်းသုံးသောင်းကိုးထောင်ရှိကြောင်း သိရသည်။
တယ်ဟုန်းတိုင်တိုင်းရင်းသား ဂျင်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့ သည် မြန်မာနိုင်ငံနှင့် ဆက်စပ်လျက်ရှိသည်။ နယ်စပ်ဒေသရှိ နှစ်နိုင်ငံပြည်သူပြည်သားတို့သည် ချစ်ခင်သင့်မြတ်စွာ မိတ်ဝတ်မပျက် ဆက်ဆံကြသည်။ ဆန်းတင့်ဝေဆာလှသော တိုင်းရင်းသားဓလေ့ ထုံးစံ၊ သာယာလှပသောတောတောင်ရေမြေနှင့် အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရှိပါသည်။ နယ်ခြားကုန်သွယ်ရေး၊ နယ်ခြားဈေးသွားဝယ်ခြင်း၊ နယ်ခြားပညာသင်ယူခြင်းစသည်များသည် ဒေသ ထူးခြားသောအရာ ဖြစ်လာပါသည်။ နယ်စပ်ဒေသခရီးစဉ်မှာ တစ်နေ့တခြား ရေပန်းစားလာသည်။
နွေဦးပွဲတော်ရုံးပတ်ရက်ကတည်းက ရွှေလီနယ်စပ်ဒေသခရီးစဉ်သည် အဆက်မပြတ် ရေပန်းစား လျက်ရှိသည်။ ကျယ်ခေါင်နယ်စပ်ဂိတ်၊ နှစ်ပြည့်တစ်ရွာစသည့် ရှုခင်းဒေသများသည် ခရီးသွားဧည့်သည် များစွာ ကြိုဆိုဧည့်ခံကြောင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသ နေ့ချင်းပြန်ခရီးစဉ်ကို နှစ်သက်သော ခရီးသည်များစွာ ရှိသောကြောင့် နယ်စပ်ဒေသခရီးသွားလုပ်ငန်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ကြောင်း၊ နယ်စပ်ဂတ်မှ အဆင်ပြေစွာ ၀င်ထွက်နိုင်ရန် ရွှေလီနယ်စပ်စစ်ဆေးဂတ်သည် တိကျမှန်ကန်သော ဆောင်ရွက်ချက် ကျင့်သုံးပြီး ခရီးသည်များအတွက် လုံခြုံသော၊ ကျွမ်းကျင်သော၊ လျင်မြန်သော နယ်စပ်ဝင်ထွက်ဝန်ဆောင်မှုကို ဆောင်ကျဉ်းပေးနိုင်ခဲ့ကြောင်း သိရသည်။