ယူနန်လျန်ဟူရေကန်ရဲ့ နွေဦးရာသီအလှ

2018-03-06 18:08:07 |သတင်းအရင်းအမြစ် 新华网

လျန်ဟူရေကန်ဟာ နွေဦးရာသီ မနက်ခင်းမှာ သင်ဖြူးဖျာခင်းထားသလို သာယာငြိမ်သက်နေတယ်။ တောင်တန်းရဲ့အရိပ်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်တယ်။ ရေငှက်ကလေးတွေ ရေပေါ်မှာ ပျံဝဲနေကြတယ်။ ကုန်းပြင်မြင့်ဒေသမှာ ရေကန်ရဲ့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေ တွေ့နိုင်တယ်။ လျန်ဟူရေကန်ဟာ ယူနန်ပြည်နယ် ချူကျင့်မြို့ ဟွီကျဲခရိုင်မှာတည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၅၀၀ ခန့်မှာရှိတယ်။ ရေကြည်လင်ပြီး ရေမြက်ပင် ပေါများတယ်။ နှစ်စဉ်နှစ်တိုင်း ဧည့်သည်ရွှေ့ပြောင်းငှက်တော်တော်များများဟာ ဒီနေရာကို ပြန်ရောက်လာကြပြီး နားနေဆောင်ကူးလို့ ပျံဝဲကြလေ့ရှိတယ်။

(ပုံ-ဆင်ဟွာသတင်းထောက် ဟူချောင်၊ လင့်ယီကွမ်)