မာလုံးခရိုင်သည် အားကစားလှုပ်ရှားမှုအပန်းဖြေရေး ထူးခြားသောသင်္ကေတဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်နေ

2018-03-13 17:09:58 |သတင်းအရင်းအမြစ် 云桥网

ချူကျင့်မြို့တွင်တည်ရှိသော မာလုံးခရိုင်ကုန်းပြင်မြင့်ဒေသ အားကစားလှုပ်ရှားမှုအပန်း ဖြေရေး ထူးခြားသောကျေးရွာသည် ၂၀၁၇ ခုနှစ်က နိုင်ငံတော်အဆင့်ပထမအသုတ် အားကစားလှုပ်ရှားမှုအပန်းဖြေရေး ထူးခြားသောကျေးရွာ၏ စမ်းသပ်ရာနေရာအဖြစ် ရွေး ချယ်ခြင်း ခံရသည်။ မာလုံးကို သွားရောက်လည်ပတ်လျှင် ကုန်းပြင်များကို လည်းကောင်း နှင့် ရေကြည်မြက်နုလွင်ပြင်များကိုလည်းကောင်း သဘာဝပတ်ဝန်းကျင်အလှတရားကို တပြိုင်နက်တည်းကြည့်ရှုခံစားနိုင်သည်။ သာယာလှပသော အလှတရားနှင့် လူနေမှုသမိုင်း ယဉ်ကျေးမှုသည် တမူထူးခြားသော ဆွဲဆောင်မှု ရှိလှပါသည်။ သဘာဝကပေးစွမ်း အပ်သော တည်နေရာ အားသာချက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်ဝန်းကျင်စသည် များကြောင့် မာလုံးသည် အားကစားလှုပ်ရှားမှုအပန်းဖြေရေး ထူးခြားသောကျေးရွာ တည်ဆောက်ရာတွင် သာလွန်ချက်များ ထင်ထင်ရှားရှား ပေါ်လွင်လာသည်။

(Yunnan Gateway သတင်းဝက်ဘ်ဆိုက်)