ကူမင်းမြို့ ဟေလုံထန်ဥယျာဉ်ရှိ“ဇလပ်နီလျှိုမြောင်ရှုခင်းဇုန်”အတွင်း ဇလပ်နီပန်းများ ဝေဝေဆာဆာဖူးပွင့်နေ

2018-03-19 16:54:24 |သတင်းအရင်းအမြစ် 云桥网

ယခုရက်ပိုင်းတွင် ကူမင်းမြို့ ဟေလုံထန်ဥယျာဉ်ရှိ “ဇလပ်နီလျှိုမြောင်ရှုခင်းဇုန်”အတွင်း ဇလပ်နီပန်းပင် (၃.၅)သိန်းမှပန်းများသည် ဝေဝေဆာဆာဖူးပွင့်နေကြပြီး အတော်ပင်ဆွဲဆာင်မှု ရှိလှပါသည်။

အဆိုပါဥယျာဉ်မှ သက်ဆိုင်ရာပုဂ္ဂိုလ်၏ မိတ်ဆက်ခြင်းအရ သိရသည်မှာ-- ဟေလုံထန်ဥယျာဉ်ရှိ "ဇလပ်နီလျှိုမြောင်ရှုခင်းဇုန်”၏ အကျယ်အဝန်းသည် တရုတ်ဧက (၁၀၀)ကျော်ကျယ်ပြီး တရုတ်ပြည် အနောက်တောင်ဘက်ဒေသအကြီးမားဆုံး Woonerf ဇလပ်နီပန်းခြံဖြစ်သည်။ ဤရှုခင်းဇုန်တွင် ဇလပ်နီ အမျိုးအစား(၃၀)ကျော်ကို စိုက်ပျိုးထားပြီး နှစ်စဉ်မတ်လတွင် တောတောင်များအကြား နီနီရဲရဲ ဖူးပွင့်သည်ကို တွေ့နိုင်ကြသည်။ ယခုရက်ပိုင်းတွင် (၁၆)ကြိမ်မြောက် ကူမင်းဇလပ်နီပန်းပွဲတော်ကို ကျင်းပလျက်ရှိပြီး ဥယျာဉ်တွင် Rhododendron Pulchrum ပန်းအိုး(၆၀၀)ကျော်၊ Rhododendron Hybridum ပန်းအိုး(၃၀၀၀)ကျော်နှင့် ယူနန်ကုက္ကိုပင်ကြီးစသည်ဖြင့် အလှပင်များစွာက ခရီးသည်များအား အတော်ပင်ဆွဲဆောင်လျက်ရှိနေပါသည်။