ယူနန်ပြည်နယ်လော်ဖျင်ခရိုင်၏ မုန်ညင်းဆီပန်းခရီးသွားလုပ်ငန်းသည် ပိုမို ကောင်းမွန်သည့်အခြေအနေသို့ ရောက်ရှိ

2018-03-30 15:06:24 |သတင်းအရင်းအမြစ် 云桥网

ယူနန်ပြည်နယ်လော်ဖျင်ခရိုင်တွင် ယခုနှစ်ပထမနှင့်ဒုတိယလပိုင်း၌ မုန်ညင်းဆီပန်း ပွဲတော်၊ ယဉ်ကျေးမှုဖလှယ်ခြင်းအစီအစဉ်၊ Rock N Roll မာရသွန်အပြေးပြိုင်ပွဲများ ကျင်းပသောကြောင့် ခရီးသည် (၂၄)သိန်းကျော် ကြိုဆိုဧည့်ခံနိုင်ခဲ့ပြီး ယမန်နှစ်အချိန် ကာလတူထက် (၉%) ပိုမိုများလာသည်ကိုတွေ့ရသည်။ ထို့ပြင် လော်ဖျင်ခရိုင်ခရီးသွား လုပ်ငန်းမှ ဝင်ငွေစုစုပေါင်းပမာဏသည် တရုတ်ငွေယွမ် (၁.၆၅၅)ဘီလီယံသို့ ရောက်ရှိလာ ကာ (၇%) တိုးမြှင့်လာသည်။ ပြည်ပမှ ခရီးသည်ဦးရေမှာ ယမန်နှစ်ကဲ့သို့ပင် (၁)သောင်း(၆) ထောင်ကျော် လာရောက်လည်ပတ်ကြပြီး အမေရိကန်ဒေါ်လာ (၅၆)သိန်း(၇)သောင်းခန့် ရရှိသည်။