လီကျန်းယီလုံးနှင်းတောင်တွင် ဆီးနှင်းကျပြီး ဇလပ်နီပန်းပေါ်တွင် အဖြူရောင်စောင်ခြုံထားသကဲ့သို့ဖြစ်နေ

2018-04-08 17:21:42 |သတင်းအရင်းအမြစ် 新华网

လီကျန်းယီလုံးနှင်းတောင်တွင် ဧပြီလ(၆)ရက်နေ့ညပိုင်းက ဆီးနှင်း တဖွဲဖွဲ ကျဆင်းလာပြီး (၇)ရက်နေ့နံနက်ပိုင်းတွင် ယီလုံးနှင်းတောင်တစ်ခုလုံး ဆီးနှင်းများ ဖုံးလွှမ်းနေပြီဖြစ်သည်။ လီကျန်းမြို့ ပိုင်ဆာခရိုင်ပတ်လည်ရှိတောင်ပေါ်တွင် ဆီးနှင်းများစုပုံနေသည့် အနက်ဆုံးနေရာမှာ (၃၀)စင်တီမီတာရှိပြီဖြစ်သည်။ လီကျန်းကုန်းမြင့်ဥယျာဉ်တွင်မူ ပွင့်ဖူးလျက်ရှိသော ဇလပ်နီပန်းပေါ်တွင် ဖုံးလွှမ်းထားပြီး လွန်စွာ သာယာလှပနေပေသည်။

ဆီးနှင်းများ ဖုံးလွှမ်းထားသော ဇလပ်နီပန်းများ လွန်စွာ သာယာလှပသည်။

တဖွဲဖွဲ ကျဆင်းလာသော ဆီးနှင်းများ ယီလုံးနှင်းတောင် ဖုံးလွှမ်းထားသည်။