ဓာတ်ပုံဆရာတစ်ရာကျော်က မြင့်မားလှသည့် ကမ်းပါးစောက်ကနေ တယ်ဟုန်၏ အလှတရားများကို မှတ်တမ်းတင်ကြ

2018-04-16 18:37:18 |သတင်းအရင်းအမြစ် 春城晚报

တရုတ်နိုင်ငံတော်ပထမအဆင့် ကာကွယ်ထိန်းသိမ်းထားသည့်ငှက်များဖြစ်သည့် Tragopan blythii ထီးပုံ၊ တရုတ်ပြည်တွင်းရှိ အကြီးစား Trachypithecus phayrei အုပ်စုပုံစသည့် ဓာတ်ပုံများမှာ "တရုတ်သဘာဝအလှတရားပုံ၊ သာယာလှပသော သဘာဝတယ်ဟုန်ပြည်နယ်ခွဲ"ရိုက်ကူးရေးအဖွဲ့မှ ရိုက်ကူးမှတ်တမ်းတင်ထားသော ရှားပါးသော ဓာတ်ပုံများဖြစ်သည်။ တယ်ဟုန်ပြည်နယ်ခွဲအစိုးရမှ ဦးစီးကျင်းပပြီး တယ်ဟုန်ပြည်နယ်ခွဲပြန်ကြားရေးဌာနနှင့် တရုတ်သဘာဝအလှတရားပုံ ရိုက်ကူးရေးအဖွဲ့တို့ တာဝန်ယူကာ တစ်နှစ်တာအချိန်စီစဉ်သည့် "တရုတ်သဘာဝအလှတရားပုံ၊ သာယာလှပသော သဘာဝတယ်ဟုန်ပြည်နယ်ခွဲ"ရိုက်ကူးရေးစီမံကိန်း၏ အစီအစဉ်များမှာ ယခုနှစ် မေလ(၁) ရက်နေ့က ပြီးမြောက်ခဲ့ပြီဖြစ်သည်။


တစ်နှစ်တာ ရိုက်ကူးရေး ခရီးစဉ်တွင် တယ်ဟုန်၌ ရှားပါးသော သဘာဝတောရိုင်းသတ္တဝါ၏ ဓာတ်ပုံများစွာကို ရိုက်ကူးရရှိခဲ့သည်ဟု တရုတ်သဘာဝအလှတရားပုံ ရိုက်ကူးရေးအဖွဲ့၏ တည်ထောင်သူ၊ တရုတ်သဘာဝသစ်တော ရေးရာဓာတ်ပုံအသင်း ဥက္ကဋ္ဌဖြစ်သူ ချန်ကျန်ဝေက မိတ်ဆက်ပြောကြားသည်။ ဥပမာဆိုရလျှင် ထန်ရှင်မျောက်လွှဲကျော်(Hoolock tianxing)၊ Trachypithecus phayrei၊ သစ်ကြောင်၊ Aonyx cinerea၊ Strix leptogrammica၊ အောက်ချင်းငှက်နှင့် အနီအောက်ရောင်ခြည်ဖြင့် ရိုက်ကူးသည့် Macaca leonina၊ ခွေးအ၊ ဝက်ဝံနက်၊ ကြောင်ကတိုး၊ ကြောင်သူတော် စသည့်ဓာတ်ပုံများဖြစ်သည်။ တရုတ်ပြည်တွင်း နိုင်ငံတော်ပထမအဆင့် ကာကွယ်ရေးတိရစ္ဆာန် Tragopan blythii ၏တောရိုင်းဓာတ်ပုံကို ပထမအကြိမ် ရိုက်ကူးရရှိခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံဆရာများသည် မြင့်မားလှသည့် ကမ်းပါးစောက်များအကြား ဖြတ်သန်းပြီး ညအချိန်တွင် ထူထပ်လှသော သစ်တောနှင့် တောစခန်းများတွင် အိပ်ကြရသည်။ ကြယ်များဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ယံအောက်တွင် စားသောက်ခဲ့ကြရသည်။ ရှားပါးသော တောရိုင်းတိရစ္ဆာန်များနှင့် ချစ်မိတ်ဆွေအဖြစ် ပေါင်းသင်းဆက်ဆံကြသည်။ ထပ်ခါထပ်ခါ အလင်းပေးခြင်းဖြင့်ဖြစ်စေ၊ ဝေးရာသို့ လှမ်း၍ မျက်စိတမှိတ်အတွင်း ရိုက်ကူးခြင်းဖြစ်စေ၊ တစ်ညလုံးမအိပ်ဘဲ စူးစမ်းရိုက်ကူးခြင်းဖြစ်စေ၊ လျပ်တပြက် ရိုက်ကူးခြင်းဖြစ်စေ၊ နိုင်ငံခြား နာမည်ကျော် ဓာတ်ပုံဆရာ၏ အလွန်ကျွမ်းကျင်သော ရိုက်ကူးခြင်းအတတ်ပညာဖြင့်ဖြစ်စေ၊ ပြည်နယ်ခွဲမှ ဓာတ်ပုံရိုက်ကူးရေးဝါသနာရှင်များ၏ လေ့လာခြင်းဖြင့်ဖြစ်စေ သာယာလှပသော ဓာတ်ပုံများအား တစ်ချပ်ချပ်ဖြင့် အမှတ်တရဖြစ်စေသည့်ဓာတ်ပုံမှတ်တမ်းသည် လက်တွေ့စုံစမ်းလေ့လာသည့် ခရီးစဉ်ကိုထင်ဟပ်ဖော်ပြနေပါတော့သည်။