တီချင့်ပြည်နယ်ခွဲရှိ ဇလပ်နီပန်းပင်လယ်ကြီးသို့ လည်ပတ်ကြည့်ရှုခြင်းခရီးစဉ်(၃)ကြောင်းမိတ်ဆက်

2018-04-19 19:23:49 |သတင်းအရင်းအမြစ် 新华网

နှစ်စဉ် ဧပြီလတွင် တီချင့်ပြည်နယ်ခွဲ ရှန်ဂရီလာ၌ ဇလပ်နီပန်းများ ဝေဆာစွာ အပြိုင်အဆိုင် ဖူးပွင့်ကြသည့်အချိန်အခါဖြစ်သည်။ ခရီးသွားဧည့်သည်တော်များအတွက် ဇလပ်နီပန်းများ ကြည့်ရှုခံစားနိုင်သည့် ရှုခင်းသာနေရာ(၇)ခုနှင့် ခရီးစဉ်(၃)ကြောင်းကို တီချင့်တိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီမှ မိတ်ဆက်ပေးလျက်ရှိကြောင်း ဧပြီလ (၁၈)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တောက်ပရွှန်းတင့်သော ဇလပ်နီပန်းအလှတရားများကို ကြည့်ရှုခံစားနိုင်သည့် အကြံပြုထားသော ရှုခင်းသာနေရာ(၇)ခုမှာ ဖူတာဇော်အမျိုးသားဥယျာဉ်၊ ပိုင်မာနှင်းတောင်၊ ဘီကူရေကန်၊ ချန်ဟူတောင်၊ ပန်းမန်ချောင်း၊ ဘာလာကဲကျုံလျှိမြောင်၊ ရှောင်ကျုံထျန်ပန်းပင်လယ် စသည်တို့ဖြစ်သည်။ ဇလပ်နီပန်းပင်လယ်ကြီးကို လှည့်ပတ်ကြည့်ရှုနိုင်သည့် အကောင်းဆုံးခရီးစဉ် (၃)ကြောင်းရှိရာ ခရီးစဉ်(၁)မှာ ဟူထျောင်လျှိမြောင် - ရှောင်ကျုံထျန် (လျန်ဟိုရွာ၊ ဟိုဖင်ရွာ) - နဖဟိုင်-နီရှိချိုင်လမ်း - တယ်ချင်ဘိန်ကျီလန်ကျေးရွာ - ပိုင်မာနှင်းတောင် ဖြစ်သည်။ ခရီးစဉ်(၂)မှာ ရှန်ဂရီလာမြို့ - ပိုင်ရွှေထိုင် - စန်ဘချိုင်လူခို - လောကျီယီတိုင်းရင်းသားရွာ ဖြစ်ပြီး ခရီးစဉ်(၃)မှာ ရှန်ဂရီလာမြို့ရှစ်လျန်ဖိန်ရခို - ချီကျုံ - ဝေရှီထာချန် - ဝေရှီခရိုင်ဖန်ထျန်တန်ဆောင်း ဖြစ်သည်။