၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း ယူနန်ပြည်နယ်၏ခရီးသွားလာရေးဝင်ငွေသည် တရုတ်ငွေယွမ်ဘီလီယံ(၂၀၀)အထက်သို့ရောက်ရှိ

2018-04-25 18:38:30 |သတင်းအရင်းအမြစ် 云桥网

ယခုနှစ်ပထမသုံးလပိုင်းကာလတွင် ယူနန်တစ်ပြည်နယ်လုံးသို့ ပြည်တွင်းပြည်ပ ခရီးသည် ဦးရေ (၁၇၃)သန်းကို ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကအချိန်ကာလတူထက် (၂၇.၂၁%) တိုးတက်လာကာ ၂၀၁၈ ခုနှစ် စီစဉ်ထားသည့်ခရီးသည်ဝင်ရောက်မူ၏(၂၅.၇%) ရောက်ရှိ ခဲ့ကြောင်း၊ ခရီးသွားလာရေးဝင်ငွေသည် တရုတ်ယွမ်ငွေစုစုပေါင်း(၂၀၈.၆၃၉) ဘီလီယံကို ရောက်ရှိပြီး ယမန်နှစ်ကအချိန်ကာလတူထက်(၂၇%)တိုးတက်လာကာ ၂၀၁၈ ခုနှစ် အစီ အစဉ်၏(၂၃.ရ%)ကို ရောက်ရှိခဲ့ကြောင်း၊ ၎င်းတို့အနက်၊ ပြည်တွင်းခရီးသည်ဦးရေ (၁၇.၁၉၄၅၅)သန်းကို လက်ခံခဲ့ပြီး ဝင်ငွေသည် တရုတ်ယွမ်ငွေ (၂၀၂.၈၂၁) ဘီလီယံကို ရောက်ရှိကာ (၂၇.၃၄%)နှင့် (၂၇.၄၉%)ကို အသီးသီးတိုးတက်လာကြောင်း၊ ပြည်ပ ခရီးသည်ဦးရေ(၃၃.၈၄၈)သိန်းကို လက်ခံခဲ့ပြီး ဝင်ငွေသည် တရုတ် ယွမ်ငွေ(၈၆.၂)သန်းကို ရောက်ရှိကာ (၁၇.၉၁%)နှင့် (၁၁.၈၁%)ကို အသီးသီးတိုးတက်လာကြောင်း ယူနန် ပြည်နယ် ခရီးသွားလာရေးဖွံ့ဖြိုးတိုက်တက်မှုကော်မတီမှ ဧပြီလ(၂၄)ရက်နေ့က ထုတ်ပြန်သောသတင်းအရ သိရှိရပါသည်။