တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရန်ဘိယီတိုင်း ရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်မှ အရှေ့ဖက်သို့ မော်တော်ကားများသည် ကွေ့တီးကွေ့ကောက်သော တောင်ကြားလမ်းတွင် နာရီဝက်ခန့် မောင်းပြီး စိမ်းလမ်းစိုပြေသော သစ်ကျားပင်များ မျက်မြင်တွေ့နိုင်ပါသည်။ ချန်စမ်း၏ အနောက်ဖက်ကုန်းစောင်းတွင် ကွယ်ဝှက်နေသော သေးငယ်သည့်ရွာကလေး တစ်ခုသည် ရုတ်တရက် တွေ့မြင်ရမည်ဖြစ်သည်။ တစ်မူထူးခြားသော အချက်အားဖြင့် ဤရွာကလေးအနှံ့တွင် နှစ်ရာကျော် ရှင်သန်သော သစ်ကျားပင်များကို တွေ့မြင်နိုင်သည်။
အလင်းရွာသည် ပင်လယ်ရေမျက်နှာပြင်ထက် ကီလိုမီတာ(၂၀၀၀)တွင် တည်ရှိသော ဝေးလံခေါင်သီချောင်ကျသည့်ကျေးရွာတစ်ရွာဖြစ်သည်။ ဤဒေသတွင် သစ်ပင် ပေါများကြွယ်ဝပြီး ယီ၊ ဟန်၊ ပိုင်၊ တိုင်၊ လီဆူးစသည့်လူမျိုး(၅)မျိုး စုစည်း နေထိုင်ကြသည်။ ယူနန်ပြည်နယ်ပြည်သူ့အစိုးရမှ "ယဉ်ကျေးမှုကျေးရွာ" အဖြစ် ချီးမြှင့်ပေးပြီး တရုတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှ "တရုတ် သာယာလှပသောကျေးလက်တောရွာ"အဖြစ် အသိအမှတ်ပြုခဲ့သည်။