ပါ့တာလှေကားထစ်စိုက်ခင်းမှာ နေ၀င်ဆည်းဆာ၊ တိမ်ပင်လယ်ကြီးနှင့် ကျေးရွာရှုခင်းစသည့် နာမည်ကျော်ကြားသောရှုခင်းသာကို ခံစားကြည့်ရှုနိုင်သည့် နေရာဖြစ်သည်။ အကောင်းဆုံးကြည့်ရှုခံစားရန်အချိန်မှာ နေ၀င်ချိန်ဖြစ်ပြီး နီရဲရဲကောင်းကင်မှ ဆည်းဆာရောင်ခြည် ထိန်လင်းဖြာဖြာဝင်းလျက်ရှိနေမည်ဖြစ်သည်။
ဤနေရာသည် မတ်စောက်လှသော မြေအနေအထားဖြစ်သည်။ သာယာသောရာသီနှင့် ကြုံတွေ့ပြီး ကောင်းမွန်သောနေရာမှတစ်ဆင့် ကြည့်ရှုပါက သောင်းချီရှိသော နေအရိပ်များမှာ စိုက်ခင်းတိုင်းတွင် ထင်ဟပ်နေသည့် တမူထူးခြားသောရှုခင်းကို ရှုစားနိုင်မည်ဖြစ်သည်။