လှပသည့်ရောင်စုံယူနန် အစီအစဉ်ကို ဟောင်ကောင်၊ မကာအိုခရီးသွားပြပွဲတွင် ချီးကျုးခြင်းခံရ

2018-05-08 17:15:43 |သတင်းအရင်းအမြစ် 云桥网

တရုတ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပသော“လှပတင့်တယ်သည့် တရုတ်၊ ၂၀၁၈ ခုနှစ် all-for-one ခရီးသွားနှစ်”လှုပ်ရှားမှု ဟောင်ကောင်နှင့်မကာအို အစီအစဉ်ကို ယခုရက်ပိုင်း တွင် ကျင်းပခဲ့ရာ ယူနန်ပြည်နယ်ခရီးသွားဖွံ့ဖြိုးမှုကော်မတီသည် ဟောင်ကောင်နှင့်မကာအိုသို့သွားပြီး အဆိုပါလှုပ်ရှားမှုကို တက်ရောက်ခဲ့သည်။ အဆိုပါလှုပ်ရှားမှုအတွင်း ယူနန်၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့် ဘက်စုံသောလှပခြင်းများကို ခရီးသည်များက ချီးကျုးခဲ့ကြသည်။

ဟောင်ကောင်၌ ကျင်းပသောအစီအစဉ်တွင် ယူနန်အဖွဲ့သည် ယူနန်၏သဘာဝရှုခင်း၊ အပန်းဖြေ ခရီးသွားလာခြင်း၊ အိမ်တစ်လုံးသဖွယ်ပြင်ဆင်ထားသောကားများဖြင့်ခရီးသွားခြင်းလုပ်ငန်းနှင့် ဒေသ၏စားကောင်းသောက်ဖွယ်များ အစရှိသည်တို့ကို PowerPoint ဖြင့်ပြသခဲ့ပြီး ရွှေလီမြို့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော ဥဒေါင်းအက၊ ဗူးသီးပုံတူရိယာ ဘာဦးခေါ်သောတူရိယာတီးမှုတ်ခြင်း၊ ဂျင်းဖောတိုင်းရင်းသားမနောပွဲအဆိုအက စသည့် ဖျော်ဖြေမှုအစီအစဉ်များ တင်ဆက်ပြသရာ ပရိသတ် များက အလွန်စိတ်ဝင်စားကြသည်။

မကာအို၌ ကျင်းပသောအစီအစဉ်တွင် ယူနန်အဖွဲ့သည် ပရိသတ်များနှင့်အပြန်အလှန်ဖလှယ်ပြီး ယူနန် ခရီးသွားလုပ်ငန်းအရင်းအမြစ်များကို ရှင်းပြပေးခဲ့ရာ ပရိသတ်များက ထူးဆန်းအံ့သြနေကြသည်ကို တွေ့မြင်ကြရသည်။