ပြန်လည်ဖွင့်လှစ်မည့် ကူမင်းရှေးဟောင်းလမ်း၏ မြင်ကွင်း

2018-05-17 20:15:11 |သတင်းအရင်းအမြစ် 云南日报

ကူမင်းရှေးဟောင်းလမ်း ဗဟိုထိန်းသိမ်းရေးဇုန်ကို မေလ(၁၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေလျက်ရှိသည်။ ယခုနှစ်ပိုင်း ကူမင်းရှေးဟောင်းလမ်းကို အဆက်မပြတ် ပြန်လည်ပြုပြင်တည်ဆောက်နေသည်။ လမ်းကိုအပိုင်းလိုက်ပြုပြင်နေပြီး ပြင်ဆင်ပြီးသည့် လမ်းတစ်ပိုင်းခြင်းအလိုက် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်သည်။ လမ်းတလျှောက် ရှိကုန်ဆိုင်များသည်လည်း ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချနေကြပြီဖြစ်ပြီး ခရီးသည်များစည်ကားများပြားလျက်ရှိပါသည်။ ပြန်လည်ပြုပြင်ဆဲဖြစ်သောလမ်းပိုင်းကို လက်ရန်းများဖြင့် ဝိုင်းရံကာထားပြီး ဆက်လက်တည်ဆောက်ပြုပြင်နေသည်။ ဤဒေသတွင် လမ်းများ ပြန်လည်ပြုပြင်နေသော်လည်း ခရီးသည်နှင့်မြို့သူမြို့သားများသည် လမ်းလျှောက်သွားလာနိုင်ပါသည်။

ယခုရက်ပိုင်း ဝိုင်းရံကာထားခဲ့သောလက်ရန်းများကို ဖြုတ်ချပစ်လိုက်ပြီဖြစ်သည်။ ရှေးဟောင်းလမ်းပိုင်းများစွာကို ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီဖြစ်သည်။ မီးအိမ်နှင့်ရောင်းစုံကြိုးများကို ချိတ်ဆွဲထားပါသည်။ ထူးခြားမှုရှိသော ကုန်ဆိုင်များ တစ်ဆိုင်ပြီးတစ်ဆိုင်လည်း ဖွင့်လှစ်တော့မည်ဖြစ်သည်။ ရှေးဟောင်းလမ်း၏ မြင်ကွင်းသစ်က ခရီးသည်နှင့် မြို့သူမြို့သားများအား ဆွဲဆောင်နေခြင်းကြောင့် ရပ်တန့်ပြီး ရှုစားရင်းနှင့် ဓာတ်ပုံရိုက်ကြသည်။

ရှေးဟောင်းလမ်းဘေးနားရှိ ကျိန့်ယီကုန်တိုက်ကြီး (၄)ထပ်မှတစ်ဆင့် ရှေးဟောင်းလမ်းဗဟို ထိန်းသိမ်းရေးဇုန်ကို ငုံ့ကြည့်ရင်း သမိုင်းအနှစ်သာရကို ခံစားနိုင်ပါသည်။ ကူမင်းရှေးဟောင်းလမ်းသည် ကူမင်းသမိုင်းမြို့ပြ၏ ဗဟိုနေရာတွင် တည်ရှိပါသည်။ အရှေ့ဘက်ရှိကျိန့်ယီလမ်းမှ အနောက်ဘက်ရှိ ယူရွှေလမ်းနှင့်ဝူရီလမ်းထိ ရှည်လျားသည်။ မြောက်ဘက်ရှိ ဟွာစန်တောင်း ဘက်လမ်းမှ တုံဖန်အနောက်ဘက်လမ်းထိ ရောက်ရှိနိုင်သည်။ ဧရိယာအကျယ်အဝန်းမှာ(၂၂) စတုရန်းမီတာရှိပါသည်။ ဤဒေသတွင် လမ်းမကြီး(၆)လမ်းနှင့်လမ်းသွယ် (၁၅)လမ်းရှိပါသည်။ လက်ရှိလမ်းကြောင်းပုံစံသည် မင်မင်းဆက်နှင့်မန်ချူးမင်းဆက်ကတည်းကပုံစံဖြစ်သည်။ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းထိန်းသိမ်းရေးဌာန(၁၅)ခုနှင့် ထိန်းသိမ်းရေးအဆောက်အဦး(၂၂)ခုလည်း တည်ရှိပါသည်။ များသောအားဖြင့် အဆောက်အဦးမှာ ယခင်တရုတ်သမ္မတနိုင်ငံတုန်းက တည်ဆောက်ခဲ့သည့် ပြည်သူ့နေအိမ်ဖြစ်သည်။ သိသာထင်ရှားသော ပထဝီထူးခြားချက်များ ရှိပါသည်။ ရှေးဟောင်းလမ်း၏ ဗဟိုနေရာရှိ ကွန်ဟွလမ်းသည် ကူမင်းမြို့တွင် သမိုင်းအရှည်ကျဆုံးသောလမ်းဖြစ်သည်။ ၎င်းလမ်းသည် သမိုင်းရာချီရှိသော တမူထူးခြားသည့် ပထဝီတည်နေရာနှင့် ယဉ်ကျေးမှု ဓလေ့များဖြင့်ပြည့်နှက်နေသည့် ကူမင်းမြို့၏ သမိုင်းသင်္ကေတနှင့် မြို့ပြပြောင်းလဲမှုကို ဖော်ပြနေခြင်း ဖြစ်ပါသည်။(သတင်းထောက်-ကျန်ထုံ)