“ဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ခြင်း”APP ကို ဇွန်လ ၁ ရက်နေ့တွင် စတင်အသုံးပြုနိုင်မည်

2018-05-23 19:19:33 |သတင်းအရင်းအမြစ် 云桥网

ဇွန်လ(၁)ရက်နေ့ကစတင်ကာ “ဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ခြင်း”APPကို download ပြုလုပ်ပြီး တရားဝင် အသုံးပြု နိုင်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ်ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ သတင်းအရသိရသည်။

“ဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ခြင်း”APPတွင် ယူနန်ပြည်နယ်၏ ရှုခင်းသာနေရာအသီးသီး၏ အကြောင်းအရာမိတ်ဆက်ခြင်း၊ ရှုခင်းသာနေရာနှင့် သက်ဆိုင်သောဓာတ်ပုံများ၊ လက်တွေ့တိုက်ရိုက် ရိုက်ထားသည့် ဗီဒီယိုများကို ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။ ယခုအချိန်ထိ ယူနန်ပြည်နယ်အတွင်း ပြည်နယ်ခွဲနှင့် ပြည်နယ်ခွဲအဆင့်မြို့ပြ(၁၆)ခု၏ ရှုခင်းသာအချက်အလက်များအား အဆိုပါ APPအတွင်း သို့ ထည့်သွင်းထားပြီဖြစ်သည်။

ထို့ပြင်၊ အဆိုပါ APP တွင် ခရီးလမ်းကြောင်းရွေးချယ်ခြင်းနှင့် မိမိဆန္ဒအလိုက် ခရီးစဉ်ရေးဆွဲခြင်း စသည့်ဝန်ဆောင်မှုများလည်း ပါဝင်ပြီး ဇွန်လ(၁)ရက်နေ့တွင် တန်ဖိုးရှိသော ခရီးစဉ်လမ်းကြောင်း (၂၀၀)ကို တင်ပြနိုင်မည်ဟု ခန့်မှန်းချက်အရ သိရှိရပါသည်။ ယခုအချိန်တွင် ခရီးသည်များသည် ဤAPPမှတစ်ဆင့် လေယာဉ်လက်မှတ်နှင့် ရှုခင်းသာနေရာလက်မှတ်များဝယ်ယူနိုင်ပြီး ဟိုတယ်နှင့် စားသောက်ဆိုင်များကိုလည်း ကြိုတင်မှာယူမှုများပြုလုပ်နိုင်သည်။

“ဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ခြင်း”APP တွင် အွန်လိုင်းလမ်းညွန်မှုပေးခြင်း၊ စကားသံဖြင့် ရှင်းပြခြင်း၊ Artificial Intelligence ရှုခင်းမိတ်ဆက်ခြင်းစသည့် ဝန်ဆောင်မှုလည်း ထည့်သွင်း ပေးသွားမည်ဖြစ်သည်။ တချိန်တည်းတွင်၊ ကားဂိတ်၊ သန့်စင်ခန်းများကိုလည်း အဆိုပါ APP မှတစ်ဆင့် ရှာနိုင်သည်။ ဒေသထွက်အထူးလက်ဆောင်ပစ္စည်းလည်း “ဖုန်းတစ်လုံးဖြင့် ယူနန်ကို လှည့်လည်ခြင်း”APPပေါ်တွင် ရှာဖွေဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။