ယူနန်၏ သဘာဝအလှတရားပုံများကို တန်ဖိုးထားရှုစားကြမယ်

2018-05-28 18:15:08 |သတင်းအရင်းအမြစ် 新华网

သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာရန် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရာတွင် သုံးနှစ်တာကာလအတွင်း ယူနန်ပြည်နယ်သည် "ရွှေတောင်ငွေတောင်အလား၊ ကြည်လင်သောရေနှင့် စိမ်းလန်းစိုပြေသောတောတောင်" ဟူသော ခံယူချက်ကို မြဲမြဲမြံမြံကျင့်သုံးပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ "သဘာဝ ကျသောပြည်နယ်တည်ဆောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးကို ဦးစားပေးဆောင်ရွက်ခြင်း"ဟူသော မဟာဗျူဟာကို လေးလေးနက်နက်ဖော်ဆောင်ပြီး ယူနန်ပြည်နယ်ကို တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း၏ သာယာလှပသောနေအိမ်ခြံမြေအဖြစ် ကြိုးပမ်းအားထုတ် တည်ဆောက်လျက်ရှိပါသည်။

1. တိမ်များအကြားက ကောင်လီကုန့်တောင်။

2. ကောင်လီကုန့်တောင်၏ တောင်တန်း။

3. ယူနန်ကုန်ပြင်မြင့်ဒေသတွင် စီးဆင်းနေသော လန်ချန်းမြစ်။

4. သစ်တောပင်လယ်ကြီးတွင် တည်ရှိသော ယူနန်ပြည်နယ် ဖူလ်မြို့ ကျင့်မိုင်တောင်ဝမ်ကျီရှေးဟောင်းကျေးရွာ။

5. ထိန့်ချုံမီးတောင်။

6. ယူနန်ပြည်နယ်ကျောက်ထုံးမြို့ တာ့ရှန်ပေါင်တွင် ကျက်စားသော လည်ပင်းမည်းကြိုးအုပ်စု။

7. ယူနန်ပြည်နယ်တာ့လီပိုင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် တည်ရှိသော အလ်ဟိုင်ကန်။

8. စိမ်းလန်းစိုပြေသောသစ်ပင်များ ဝိုင်းရံနေသော ယူနန်မန်စီ၏ ကျေးရွာ တစ်ရွာ။

9. ကူမင်းမြို့ပြတွင် တည်ရှိသော မြစိမ်းကန်ဥယျာဉ်။

10. မြို့သူမြို့သားများသည် ကူမင်းရှီဟွာပန်းခြံတွင် နံနက်ခင်း လေ့ကျင့်ခန်းပြုလုပ်ကြသည်။