ပိုင်မာနှင်းတောင်တွင် လိမ္မာပါးနပ်သောမျောက်များနှင့်တွေ့ဆုံကြသည်

2018-06-15 18:03:47 |သတင်းအရင်းအမြစ် 云南日报

    ယူနန်နေ့စဉ်သတင်းစာအဖွဲ့နှင့် ယူနန်ပြည်နယ်သစ်တောရေးရာဦးစီးဌာနတို့ ဖွဲ့စည်းထားသော "သာယာလှပသောယူနန် သဘာဝထိန်းသိမ်းရေးဇုန်ကို ဖြတ်ကျော်ခြင်း" သတင်းထောက်အဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ကူမင်းမှထွက်ခွာပြီး ပိုင်မာနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်း ရေးဇုန်ကို သွားရောက်ခဲ့ကြသည်။ ထိန်းသိမ်းရေးဇုန်သို့ဝင်လိုက်သည်နှင့် သတင်းထောက်အဖွဲ့သည် ချစ်စဖွယ်ကောင်းလှသော လိမ္မာပါးနပ်သည့်မျောက်များနှင့် တွေ့ဆုံရကြသည်။

    ချွမ်ကွမ်ဟုခေါ်သော မျောက်မိသားစု

    ဇွန်လ(၁၂)ရက်နေ့ နေ့လယ်ပိုင်းက ပိုင်မာနှင်းတောင် နိုင်ငံတော်အဆင့် သဘာဝထိန်းသိမ်းရေးဇုန်ရှိ ရှန်ဂူချင်မျောက်ကျက်စားရာနေရာတွင် ရုတ်တရက် မိုးရွာလာသည်။ အခြားသော မျောက်အုပ်စုသည် ထူထပ်သော သစ်ပင်များပေါ်တွင် မှီခိုနေကြသော်လည်း မျောက်သုံးကောင်တို့သည် ငုတ်တိတိသစ်ပင်ပေါ်တွင်မူ မိုးစိုနေလျက်ရှိသည်။ ဤမျောက်မိသားစုမှာ ချွမ်ကွမ်ဟုခေါ်ပါသည်။ "ချွမ်ကွမ်" ဟုခေါ်သော မျောက်ထီးသည် မကြာသေးခင်ကမှ ပြောင်းလာသည့်အတွက်ကြောင့် အဆင့်အတန်း ခွဲခြားခံရပါသည်။ မျောက်အုပ်စုနှင့် အနီးကပ်မနေရဲဘဲ အခြားသော မျောက်အုပ်စုတို့ သဘောမကျသောသစ်ပင်ကို ရွေးချယ်မှီခိုနေထိုင်ခြင်းပင်ဖြစ်သည်။

    တစ်ဖြည်းဖြည်းချင်းအိုလာသော အရပ်အမောင်းကောင်းသောမျောက်

    ၂၀၁၆ ခုနှစ်က " အရပ်အမောင်းကောင်းသောမျောက်"ဟုခေါ်သည့်မျောက်ထီးသည် တိုက်ပွဲကွပ်ကဲရန် စွမ်းရည်ရှိသည်။ မျောက်အုပ်စုထဲတွင် မျောက်ထီးများသည် သူအား ယှဉ်ပြိုင်အားစမ်းရန် မဖိတ်ခေါ်ရဲကြပေ။ သို့သော်လည်း ယခုအခါ အရပ်အမောင်းကောင်းမျောက်သည် တစ်ဖြည်းဖြည်းချင်းအိုလာပြီဖြစ်ခြင်းကြောင့် မျောက်အုပ်စု၏ခေါင်းဆောင်ကြီး မဖြစ်နိုင်တော့ချေ။

    တျန်ရွှေခြည်မွေးမျောက်

    တျန်ရွှေခြည်မွေးမျောက်၏နှုတ်ခမ်းသည် လိင်ညို့ဓာတ်ပါသည်။ ပြုံးရွှင်သောအမူအရာမှာ လူများအား ဆွဲဆောင်တတ်သည်။ သူအားကြိုက်သူများပြားလှပါသည်။ သူ့ကိုယ်လုံးသည် အခြားသောမျောက်များထက် ဗိုက်ကြီးပြီး ၀၀လေးဖြစ်ပါသည်။ သူ့အစာအိမ် အစာချေပြောင်းလဲမှု မမှန်သောကြောင့် ခဏခဏ ဗိုက်ကယ်ဗိုက်ပူနေတတ်သည်။

   မျောက်အုပ်စု၏ ခေါင်းဆောင်ကြီး

  ရှန်ဂူချင်မျောက်ကျက်စားရာနေရာတွင် "ဟုန်တျိန်"ဟုခေါ်သော မျောက်ထီးသည် မျောက်အုပ်စု၏ ခေါင်းဆောင်ကြီးဖြစ်သည်။ သူ့မိသားစုထဲတွင် မိသားစုဝင်(၁၆)ကောင်ရှိပြီး သူအပြင် မျောက်အမ(၆)ကောင်နှင့် မျောက်ကလေး(၉)ကောင်ဖြစ်ပါသည်။

  တိတ်တိတ်နေအကျိုးဆောင်သော မျောက်ထီးမိသားစု

  မျောက်အုပ်စုထဲတွင် မျောက်ထီးများ ဖွဲ့စည်းထားသောအဖွဲ့သည် ထူးခြားလှပါသည်။ ၎င်းမျောက်ထီးများတွင် အချို့သည် အရွယ်မမြောက်သေးမီကပင် မျောက်မိဘတို့က နှင်ထုတ်သည့် မျောက်ထီးဖြစ်သည်။ အချို့ကမူ ဇရာထောင်းသည့် နေမကောင်းသော  မျောက်ထီးအိုကြီးဖြစ်ပါသည်။ မျောက်အုပ်စုတွင် မျောက်ထီးမိသားစု၏ အဆင့်အတန်းမှာ အနိမ့်ဆုံးဖြစ်သော်လည်း မျောက်အုပ်စုအပြင်တွင် အမြဲစောင့်ရှောက်ကာကွယ်ကြသည်။ အရေးကြီးဆုံးအချက်မှာ မျောက်အုပ်စုတို့အကြား မျိုးရိုးဗီဇလဲလှယ်ရေးတာဝန်ကို သူတို့ ထမ်းဆောင်ကြသည်။

 (ယူနန်နေ့စဉ်သတင်းစာမှ သတင်းထောက် Chen Chuangye)