တရုတ်ရိုးရာကောက်ညင်းထုပ်ပွဲရုံးပိတ်ရက်တွင် ကူမင်းမီးရထားလမ်းကုမ္ပဏီမှ ခရီးသည်ဦးရေ ၆၇၈၀၀၀ ဦး ပို့ဆောင်ပေးခဲ့

2018-06-19 18:14:10 |သတင်းအရင်းအမြစ် 云桥网

၂၀၁၈ ခုနှစ် တရုတ်ရိုးရာကောက်ညင်းထုပ်ပွဲရုံးပိတ်ရက်(ဇွန်လ ၁၅ မှ ၁၈ ရက်နေ့)တွင် ကူမင်းမီးရထား လမ်းကုမ္ပဏီသည် ခရီးသည်ဦးရေ ၆၇၈၀၀၀ ဦးပို့ဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်အချိန်ကာလတူထက် (၂ %) တိုးများလာသည်။ ၎င်းအနက် ကျည်ဆံရထားဖြင့် ခရီးသည်ပို့ဆောင်ဦးရေသည် ၂၀၁၀၀၀ ဦးထိ ရောက်ရှိပြီး ၂၀၁၇ ခုနှစ်အချိန်ကာလတူထက် (၇၂.၃ %)ကို တိုးများလာသည်။ ကျည်ဆံရထားဖြင့် ခရီးထွက်ခြင်းသည် အချိန်ကြာလေ ရေပန်းစားလာလေပြီဖြစ်သည်။

ယခုနှစ် တရုတ်ရိုးရာကောက်ညင်းထုပ်ပွဲသည် (၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ ကျင်းပချိန်နှင့်တိုက်ဆိုင်နေရာ တောင်အာရှ၊ အရှေ့တောင်အာရှမှ မိတ်ဆွေများ၊ ကုန်သည်များသည် လည်း ကျည်ဆံရထား စီးကြသည်။ ထို့သို့သောကြောင့် နိုင်ငံခြားသားများအား တရုတ်ရိုးရာယဉ်ကျေးမှု ကို သိရှိစေရန်အတွက် ကူမင်းကျည်ဆံရထားလမ်းပိုင်းတွင် တရုတ်ကဗျာဖတ်ပေးခြင်းလှုပ်ရှားမှုကို ကျင်းပခဲ့ပြီး ဘာသာပြန်ဝန်ဆောင်မှုကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။

ကိန်းဂဏန်းအရ တရုတ်ရိုးရာကောက်ညင်းထုပ်ပွဲရုံးပိတ်ရက်တွင် ကူမင်းမီးရထားလမ်းကုမ္ပဏီသည် မီးရထားဖြင့်ခရီးသည်ပို့ဆောင်ပေးခြင်းမှာ (၇၄)ကြိမ်ထိတိုးမြှင့်ခဲ့ပြီး ခရီးသည်များ၏လုံခြုံရေးကို အထူး အလေးထားဆောင်ရွက်ပေးခဲ့ပါသည်။
သတင်းအရင်းအမြစ်၊ Yunnan Gateway