နွေဦးမြို့မှာ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လာတဲ့ ကြာပန်း

2018-06-25 17:32:07 |သတင်းအရင်းအမြစ် 云桥网

နွေရာသီတွင် ကူမင်းမြို့၏ ရာသီဥတုမှာ အေးမြသာယာလှပါသည်။ တာ့ကွမ်ဥယျာဉ်ရှိရေကန်တွင် ကြာပန်းများ မြိုင်မြိုင်ဆိုင်ဆိုင် ပွင့်လာကြသည်။

နေ့စဉ်နေ့တိုင်း နံနက်စောစောတွင် မြို့သူမြို့သားများစွာသည် ဥယျာဉ်သို့ ပန်းမန်များကို လာရောက်ရှုစားရင်း ဖုန်း၊ ကင်မရာတို့ဖြင့် အလှပဆုံးသော ရှုခင်းအလှတရားကို မှတ်တမ်းတင်ကြသည်။ ခရီးသွားဧည့်သည်တော်များသည် ကူမင်း၏သာယာသောရာသီဥတုကို နှစ်သက်ကာ ချီးကျူးကြပြီး ကောင်းမွန်သာယာသောရာသီနှင့် မြစိမ်းရောင်သဘာဝပတ်ဝန်းကျင်တွင် နစ်မျောနေကြတော့သည်။

(ယူနန်နေ့စဉ်သတင်းစာအဖွဲ့မှ သတင်းထောက်--Zhang Tong)