ဟိုင်အန်မြို့ ကျင်ဟူရေပေါ်သစ်တောဥယျာဉ် လေ့လာရေးခရီးစဉ်

2018-07-09 18:07:23 |သတင်းအရင်းအမြစ် 人民网

ကျင်ဟူရေပေါ်သစ်တောဥယျာဉ်၏ ဧရိယာအကျယ်အဝန်းမှာ တရုတ်ဧက (၁၂၀၀၀)ခန့်ရှိပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှုငွေသည် တရုတ်ယွမ် (၁.၂)ဘီလီယံရှိသည်။ တရုတ်နိုင်ငံ၏ ဦးစားပေး ခရီးသွားလာရေးစီမံကိန်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ကျန်စူပြည်နယ် အရေးပါသော ခရီးသွားလာရေးစီမံကိန်း ဖြစ်သည်။ ဤဥယျာဉ်တွင် မက်တာစီကွိုင်ယာပင်များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထားပြီး မီးရထားများ သစ်တောအတွင်း ဖြတ်သန်းသွားလာလျက်ရှိသည့်မြင်ကွင်းသည် ခရီးသွားဧည့်သည် များအား ဆွဲဆောင်လျက်ရှိပါသည်။

ဤရှုခင်းဇုန်သည် ရင်ထူမြို့နယ်တွင် တည်ရှိပြီး ဟိုင်အန်မြို့နှင့် ရန်ကျူမြို့၊ ပေါင်ရင်းခရိုင်၊ ကောင်ယုတ်ခရိုင်၊ ကျင်ဟူခရိုင် စသည်တို့နှင့် ဆက်စပ်လျက်ရှိသောနေရာတွင် ရှိပါသည်။ မက်တာစီကွိုင်ယာပင်၊ ကျူပင် စသည့်သဘာဝအလှတရားဖြင့် "သဘာဝကျသော နေထိုင်မှုမှာ သစ်တောမှ အစချီ" ဟူသော ခရီးသွားလာရေးပုံရိပ်ကို ဖန်တီးထားသည်။ မက်တာစီကွိုင်ယာပင်နှင့် ဗျိုင်းဖြူ ကျက်စားသော သစ်တောတည်ဆောက်ရေးအတွေးအခေါ်ဖြင့် လယ်ယာကိုင်းကျွန်းမြေ၊ သစ်တောကျေးရွာ၊ ကြည်လင်သောရေကန်၊ ရှင်သန်သောသစ်တော စသည့် ရှုခင်းဇုန်(၁၀)ခုကျော်ကို တည်ဆောက်ထားပါသည်။

(သတင်းထောက်-Ma Taotao)

ခရီးသည်များသည် ဥသြသံ တညံညံဖြင့် ရထားစီးကာ သစ်တောအကြား ဖြတ်သန်းသွားလာလျက် ရှိသည်။

ရေပေါ်သစ်တောဥယျာဉ်မြင်ကွင်း။

တည့်မတ်သောမက်တာစီကွိုင်ယာပင်တို့သည် သဘာဝကျသော နွေအပူဒဏ်ရှောင်ရှုခင်းသာစခန်းကို ဖန်တီးပေးထားပါသည်။

公园内也有大片荷花荡供游人欣赏。

ဥယျာဉ်တွင် ခရီးသည်များသည် ကြာပန်းများကို ရှုစားနိုင်သည်။

ရှုခင်းဇုန်ရှိမီးရထားဖြင့် ခရီးသည်များသည် ရေပေါ်သစ်တောအကြား ဖြတ်သန်းသွားလာနိုင်ပါသည်။

သစ်တောတွင် စိုက်ပျိုးထားသော မက်တာစီကွိုင်ယာပင်များ။

ရှုခင်းဇုန်မြင်ကွင်း။