(၁၄)ကြိမ်မြောက် တရုတ်ပင်လယ်ကူးနေ့တွင် ကျိန့်ဟောဇာတိမြေသည် ပျော်ရွှင်မှုများဖြင့်ပြည့်နှက် လျက်ရှိ

2018-07-11 18:46:03 |သတင်းအရင်းအမြစ် 云桥网

ဇူလိုင်လ (၁၁)ရက်နေ့သည် တရုတ်ပင်လယ်ကူးနေ့ ဖြစ်သည်။ ဒေသထူးခြားချက်ရှိသော တိုင်းရင်းသား အဆိုအကတင်ဆက်မှုများဖြင့် စည်ကားလျက်ရှိနေသည်။ ငါးရက်တာကျင်းပသော ၂၀၁၈ ခုနှစ် ကူမင်း ကျိန့်ဟောယဉ်ကျေးမှုနှင့် ခရီးသွားပွဲတော် ရောင်စုံယူနန်၊ ရှေးဟာင်းနာမည်ကျော်မြို့ ဖျော်ဖြေရေး အထိမ်းအမှတ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ရောင်စုံယူနန်၊ ရှေးဟာင်းနာမည်ကျော်မြို့ တွင် ကျင်းပပြုလုပ်သည်။

ကျင့်နင်သည် ယူနန်ယဉ်ကျေးမှု၏ မြစ်ဖျားခံရာဒေသနှင့် နာမည်ကျော်ကြားသော ပင်လယ်ကူး ဆရာကျိန့်ဟော၏ ဇာတိမြေဖြစ်ကာ တျိန်ချီကန် နယ်နိမိတ်မှာ ၅၃ ကီလိုမီတာ ရှည်လျားပြီး သမိုင်းကြာရှည်လေးနက်သော ယူနန်ရှေးဟောင်းယဉ်ကျေးမှုကို ထိန်းသိမ်းလျက် ရှင်သန်နေသော ကျိန့်ဟောယဉ်ကျေးမှုကို လက်ဆင့်ကမ်းသယ်ဆောင်နေသည်။ ကူမင်းမြို့ ကျင့်နင်မြို့နယ်အစိုးရသည် ယဉ်ကျေးမှုအရင်းအမြစ်နှင့် ကျင့်နင်၏ မြို့ပြအဆင့်မြှင့်တင်ရေးနှင့် သဘာဝကျသော ထုတ်လုပ်ရေးလုပ်ငန်းတို့ ပေါင်းစပ်ပြီး ကူမင်းကျိန့်ဟောယဉ်ကျေးမှုနှင့်ခရီးသွားပွဲတော်ကို ၃ ကြိမ်မြောက်တိုင်အောင် ဆက်တိုက်ကျင်းပခဲ့သည်။ ဤပွဲတော်၏ အဓိကအစိတ်အပိုင်းအနေနှင့် ရောင်စုံယူနန်၊ ရှေးဟာင်းနာမည်ကျော်မြို့သည် ဆန်းတင့်ဝေဆာလှသောလှုပ်ရှားမှုများကို ကျင်းပသွားမည်ဖြစ်သည်။

(သတင်းထောက်-Wang Huan)