ပုံသတင်း၊ မိုးရေထဲတွင် လှပနေသည့် ကူမင်းမြို့ရှိ ကြာပန်းများ

2018-07-17 17:34:03 |သတင်းအရင်းအမြစ် 新华网

ယခုရက်ပိုင်းက ကူမင်းမြို့၏ ချွေ့ဟိုဥယျာဉ်တွင် ကြာပန်းများ ဝေဝေဆာဆာဖူးပွင့်နေသည်။ နွေဦးမြို့တော်ဟု ချီးကျူးခံရသော ကူမင်းမြို့သည် ယခုရက်ပိုင်းတွင် အပူချိန်က (၂၄)စင်တီဂရိတ်ရှိပြီး ပူလည်းမပူ အေးလည်းမအေး ဖြစ်နေသည်။ ကူမင်းမြို့၏နွေရာသီတွင် မိုးရွာများသောကြောင့် ကြာပန်းပွင့်ဖတ်ပေါ်တွင် ကြည်လင်ဝင်းပသောမိုးရေပေါက်သေးသေးလေးများဖြင့် လှပနေသည်။ လေပြေသည် စိမ်းစိုစိုသောကြာရွက်များကိုသယ်လျက် ညင်ညင်သာသာတိုက်ခတ်လျက်ရှိပြီး အရမ်းနေသာထိုင်သာရှိသည်ကို ခံစားမိနိုင်သည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunnan Gateway.