နွေခေါင်ခေါင်တွင် ယူနန်ဖူကျယ်ဟေးနိုင်ငံတော်နွံတောအပန်းဖြေဥယျာဉ်၌ တရုတ်ဧက ထောင်ချီ သောကြာပန်းများသည် အပြိုင်အဆိုင်ဖူးပွင့်နေပြီး ခရီးသည်များစွာကို ဆွဲဆောင်လျက်ရှိသည်။ တချိန်တည်းတွင် တောင်များအကြား ရေကစားကြခြင်းလည်း အလွန်ရေပန်းစားလျက်ရှိသည်။
ဖူကျယ်ဟေးသည် ယူနန်ပြည်နယ်ချိုးပေခရိုင်အမြောက်ဘက်တွင်တည်ရှိပြီး ခရိုင်မြို့၏(၃)ကီလိုမီတာ ကွာဝေးသည်။ နွံတောသည် ကျောက်တုံးများ၊ သစ်တောများ၊ ချောင်းများနှင့် ရောစပ်တည်ရှိနေပြီး အလွန်ထူးခြားသော၊ ဆွဲဆောင်မှုရှိသော ရှုခင်းသာအပန်းဖြေနေရာဖြစ်လာသည်။ ၎င်းသည် တရုတ် ပြည်အနောက်တောင်ပိုင်းတွင်တည်ရှိသော ယူနန်၊ ကွေ့ကျိုးနှင့် ကွမ်ရှီးပြည်နယ်(၃)ခု၏ karst ဘူမိ ရုပ်သွင်ဆက်စပ်ရှုခင်းဇုံတွင် အလွန်နာမည်ကျော်သောနေရာတစ်နေရာဖြစ်သည်။
သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။
ဘာသာပြန်၊ Yunnan Gateway.