ယူနန်ပိုင်လုံးရေကန်တွင် သာယာလှပသော တောတောင်ရေမြေအလှတရားများ ရှုစားနိုင်

2018-07-25 18:43:58 |သတင်းအရင်းအမြစ် 新华网

ပိုင်လုံးရေကန်သည် ယူနန်ပြည်နယ်ချူပေခရိုင် ပိုင်လော်ကျေးရွာတွင် တည်ရှိပြီး ဖူကျယ်ဟေးနိုင်ငံတော်အဆင့် စိမ့်မြေအရပ်ဥယျာဉ်နှင့် (၁၅) ကီလိုမီတာနှင့် ကွာဝေးပါသည်။ ချင်ရွှေမြစ်၏ မြစ်ဖျားခံရာဒေသတစ်ခုဖြစ်ပြီး ပုလဲမြစ်ကို စီးဆင်းဝင်ရောက်သည်။

ပိုင်လုံးရေကန်သည် ကြည်လင်လှပါသည်။ နွေရာသီ ရေတက်သည့် အချိန်တွင် ရေနောက်ကျိသည့်အခြေအနေကို တွေ့ရခဲပါသည်။ တောင်တန်းများ ဝိုင်းရံသော ပိုင်လုံးရေကန်၏ အလယ်ဗဟိုတွင် ကျွန်းကလေး(၇)ခုနှင့် ကျွန်းဆွယ်(၃)ခုတို့ တည်ရှိသည်။ ကျွန်းပေါ်တွင် ဝေဝေဆာဆာသစ်ပင်များ ရှင်သန်လျက်ရှိနေပြီး ဆောင်းခိုငှက်များ ကျက်စားကြပါသည်။ တစ်နှစ်လုံး ငှက်ကသာယာစွာ ကျုးရင့်ကာ ပန်းကသင်းပျံ့စွာ ပွင့်ဖူးလျက်ရှိသောကြောင့် "ယူနန်၏ ထောင်ချီသော ကျွန်းကလေး"ဟု ဖော်ကျူးပေးနေပါတော့သည်။

(ဆင်ဟွာသတင်း၊ သတင်းထောက် Zhang Hongke မှ ရိုက်ကူးပုံ)