မုန်ညင်းဆီပန်းပင်လယ်ကြီးက ခရီးသည်ကို နစ်မျောစေနိုင်

2018-07-27 17:38:59 |သတင်းအရင်းအမြစ် 人民网

ဇူလိုင်လ ဒုတိယဆယ်ရက်ပတ်က ချင်ဟိုင်ပြည်နယ် ဟိုင်ပေတိဗက်တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မိန်ယွမ် မုန်ညင်းဆီပန်းများ အပြိုင်အဆိုင် ပွင့်ဖူးလျက်ရှိ နေပါသည်။ ပန်းမန်အလှတရား၊ ပြာလဲ့လဲ့ ကောင်းကင်၊ ဖြူဖွေးသောတိမ်များ၊ တောင်မြင့်အကြား စီးဆင်းနေသောရေစီးကြောင်း၊ သစ်တောအဏ္ဏဝါနှင့် တမူထူးခြားသော ပြည်သူလူထုနေအိမ် စသည်တို့ ပေါင်းစပ်နေပြီး ထူးခြားဆန်းကြယ်သော အလှတရားပန်းချီကား တစ်ချပ်ဖြစ်လာပါသည်။ ခရီးသွားများစွာအား နစ်မျောစေပြီး မုန်ညင်းဆီပန်းများသည် ခရီးသွားလာရေးဆွဲဆောင်မှုဖြစ်လာသကဲ့သို့ ချင်ဟိုင်းခရီးသွားလာရေး၏ ထူးခြားချက်လည်း ဖြစ်လာပါသည်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင်လအစသည် မုန်ညင်းဆီပန်းများပွင့်ဖူးသောရာသီဖြစ်သည်။ ပန်းပွင့်ချိန်မှာ ဇူလိုင်လ(၅)ရက်နေ့မှ(၂၅)ရက်နေ့ထိ ဖြစ်ကာ ဇူလိုင်လ(၁၀)ရက်နေ့မှ(၂၀)ရက်နေ့ထိသည် ပန်းရှုစားရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။

မုန်ညင်းဆီပန်းပင်လယ်ကြီးကို တွေ့ရသည်နှင့် ခရီးသည်များအား အံ့သြစေ ပါသည်။ ရွှေဝါရောင် မုန်ညင်းဆီပန်းများသည် တောင်ဖက်ရှိ ချီလျန်တောင်မှ တောင်ဖက်ရှိတာ့ဘန်တောင်ထိ၊ အနောက်ဖက်ရှိ ယုံအန်မြို့မှ အရှေ့ဖက်ရှိ ယွီလုံထန်ထိ အရှည် ကိလိုမီတာတစ်ရာကျော် တစ်စီတစ်တန်း ပွင့်ဖူးနေသည့်အလှတရားကို လက်တွေ့ရှုစားရာတွင် ပျားရည်ချိုကဲ့သို့ပင် ချိုမြမြ ပျော်ရွှင်ကြည်နူးပြီး စိတ်လှုပ်ရှား စေပါသည်။