ကူမင်းမြို့ လောင်းယူဟော်ဥယျာဉ်တွင် ဒေလီယာပန်း ဝေဝေဆာဆာဖူးပွင့်နေ

2018-08-02 16:00:05 |သတင်းအရင်းအမြစ် 云桥网

သြဂုတ်လ(၁)ရက်နေ့က ကူမင်းမြို့လောင်းယူဟော်ဥယျာဉ်တွင် ပန်းရနံ့များ သင်းပျံ့နေသည်။ အဆိုပါအမွှေးနံ့သည် ဒေလီယာပန်း၏အနံ့ ဖြစ်လေသည်။ ထို့နေ့တွင် ဒုတိယအကြိမ် ဒေလီယာပန်းပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပနေခြင်းဖြစ်ပြီး ပန်းများလာရှုစားသူများသည် ဥယျာဉ်နေရာအနှံ့တွင် ရှိနေကြသည်။ ဒေလီယာပန်း (၈)သောင်းကျော်သည် ဝေဝေဆာဆာဖူးပွင့်နေပြီး ပျားများသည်လည်း ပန်းများအကြား ပျော်မြူးစွာ ပျံသန်းလျက်ရှိနေသည်။ မြင်ကွင်းတစ်ခုလုံးသည် ကဗျာဆန်သည့် ပုံပြင်တစ်ပုဒ်သကဲ့သို့ လှပနေပြီး ခရီးသည်များအား မပြန်ချင်လောက်အောင် ဆွဲဆောင်မှုကောင်းနေပါသည်။