ပန်းချီကားကဲ့သို့လှပနေသောလိုကိုးရေကန်ကြီး

2018-08-03 19:15:23 |သတင်းအရင်းအမြစ် 新华网

လိုကိုးရေကန်ကြီးသည် ယူနန်နှင့်စီချွမ်းပြည်နယ်အကြားတွင် တည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင် အထက် (၂၆၉၀)မီတာတွင် တည်ရှိကာ စတုရမ်းကီလိုမီတာ(၅၀)ခန့် ကျယ်ဝန်းသည်။ ရေကန်ကြီး၏ ရေသည် ကြည်လင်ပြီး ရေအဆင့်အတန်း(၁)တွင် အမြဲတမ်းရှိနေ သည်။ ရေကန်ကြီးဘေးတွင် နေထိုင်သည့် ရွာသူရွာသားများသည် ယခင်က အမျိုးသမီး များကြီးစိုးခြင်း(matriarchal clan society)စနစ်ကို ကျင့်သုံးနေသေးကြောင့် အရှေ့ဘက် အမျိုးသမီးနိုင်ငံငယ်ကလေးဟုပင် တင်စားခေါ်ဝေါ်ခဲ့ ကြသည်။ အလွန်ဆွဲဆောင်မှုရှိသော သဘာဝရှုခင်းနှင့် ထူးခြားသောယဉ်ကျေးမှုကြောင့် ပြည်တွင်း ပြည်ပခရီးသည်များသည် အဆိုပါရေကန်ကြီးကို နှစ်သက်သဘောကျကြသည်။

သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။

ဘာသာပြန်၊ Yunan Gateway.