ပန်းမန်ဝေဆာပြီး မြစ်ချောင်းပေါများသော ရီလျန်ခရိုင်

2018-08-10 20:00:50 |သတင်းအရင်းအမြစ် 新华网

ရီလျန်ခရိုင်သည် ယူနန်ပြည်နယ်အလယ်ပိုင်းဒေသတွင် တည်ရှိပါသည်။ ကူမင်းမြို့အနီးတွင်ရှိသော ခရီးသွားလာရေးလုပ်ငန်း ထွန်းကားသောခရိုင်ဖြစ်သည်။ ကူမင်းမြို့နှင့် (၄၅)ကီလိုမီတာ ကွာဝေးသည်။ ထွက်ကုန်ပစ္စည်းပေါများပါသည်။ ရာသီဥတု သာယာကောင်းမွန်သည်။ တစ်နှစ်လုံး နွေဦးရာသီတွင် သာယာမှုကို ကောင်းစွာခံစားနိုင်ပါသည်။ ငှက်များက သာယာစွာကျူးရင့်ပြီး ပန်းများကသင်းပျံ့စွာ ပွင့်ဖူးလျက်ရှိသည်။ ထို့ကြောင့် ပန်းမန်မြစ်ချောင်းအရပ်နယ်မြေဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။

ရီလျန်သည် ယူနန်ပြည်နယ်သာမကတရုတ်နိုင်ငံတွင် အရေးပါသော ခရီးသွားရွေးချယ်ရာ ထိပ်တန်းဒေသအနေနှင့် ထူးခြားသောခရီးသွားရှုခင်းဇုန်အမျိုးမျိုးအဖုံဖုံ ရှိပါသည်။ နိုင်ငံတော်ဘူမိဥယျာဉ်၊ A လေးလုံး အဆင့်ခရီးသွားရှုခင်းဇုန်--ကျူရှန်၊ နိုင်ငံတော် A သုံးလုံး အဆင့်ခရီးသွားရှုခင်းဇုန်--ယန်ချွမ်ဘုန်းကျောင်း စသည်တို့ ရှိပါသည်။ ပေါများကြွယ်ဝသော ခရီးသွားလာရေးအရင်းအမြစ်နှင့် ခရီးစဉ်လမ်းကြောင်းများဖြင့် အရပ်ရှစ်မျက်နှာမှ ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိနေပါသည်။