တျိန်ချီရေကန်ဘေးရှိအလှပဆုံးကန်ပတ်လမ်းတစ်လျှောက်လုံးကိုတရားဝင်ဖွင့်လှစ်ပြေးဆွဲခဲ့သည်။ဤလမ်းတစ်လျှောက်လုံးတွင် ရေကန်ကြည်လင်သာယာပြီးစိမ်းလန်းစိုပြေသောသစ်တောများမြိုင်မြိုင်ဆိုင်ဆိုင်ရှင်သန်လျက်ရှိသည်ကိုရှုစားနိုင်ပါသည်။
ထို့ကြောင့်ဤလမ်းကြောင်းမှာအလှပဆုံးကန်ပတ်လမ်းဟု ဖော်ကျူး ခေါ်ဝေါ်လျက်ရှိပါသည်။ကူမင်းမြို့ကျင့်နင်မြို့နယ်ထိုင်ရှီကျေးရွာမှစပြီး ကောင်ဟိုင်အမြန်ကားလမ်းအဆုံးထိ ရောက်ရှိနိုင်ပြီးယာဉ်သွားလမ်း(၄)ကြောင်းရှိသည်။ယာဉ်သွားလမ်းအပြင်စက်ဘီးစီးလမ်းနှင့်လူသွားလမ်းလည်းပါရှိသည်။ လမ်းတစ်လျှောက်ရှိရှုခင်းဒေသများကို တောတောင်ရေမြေပန်းချီကားတစ်ချပ်ကဲ့သို့ရှုစားခံစားနိုင်ပါသည်။
ဤလမ်းကြောင်းမှာ၁၁.၇၈၃ကီလိုမီတာရှည်လျားပြီးတစ်နာရီ၄၀ကီလိုမီတာမောင်းနှင်ခွင့်ပြုထားသည်။ဤလမ်ကြောင်းကိုတံတားကြီးနှစ်စင်းပေါ်တွင် တည်ထောင်ခဲ့ပါသည်။၂၀၁၅ခုနှစ် နောက်နှစ်ဝက်တွင်စတင်တည်ဆောက်ခြင်းဖြစ်ပြီးယခုအခါတွင်လမ်းကြောင်းတစ်ခုလုံးတရားဝင်ပြေးဆွဲမောင်းနှင်နိုင်ပြီဖြစ်သည်။