ယူနန်ပြည်နယ် မီလဲမြို့သည် “လုပ်ငန်းရှင်+အနုပညာရှင်”ပုံစံဖြင့်ထူးခြားသောမြို့နယ်ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေးလျက်ရှိ

2018-08-21 18:27:01 |သတင်းအရင်းအမြစ် 云桥网

“တုံဖုန်ယွမ်”မြို့နယ်သည် ယူနန်ပြည်နယ် ဟုန်ဟောပြည်နယ်ခွဲ မီလဲမြို့နှင့် (၁၁) ကီလိုမီတာ ကွာဝေးပါသည်။ မီလဲမြို့ မြန်နှုန်းမြင့်ရထားဘူတာရုံအနီးတွင်တည်ရှိပြီး ယဉ်ကျေးမှုနှင့်အနုပညာဖြင့် တည်ဆောက်ထားသည့် တမူထူးခြားသောမြို့နယ်လေးဖြစ်ပါသည်။

ကွဲပြားခြားနားသောပုံစံ အဓိက ပြတိုက်၊ အနုပညာပြတိုက်နှင့် ပြဇာတ်ရုံ စသည်တို့ကို တည်ဆောက်ရန် “တုံဖုန်ယွမ်”မြို့နယ်သည် ပြည်တွင်းပြည်ပမှ နာမည်ကျော်ကြားသော ဗိသုကာများအား ဖိတ်ခေါ်ပါသည်။ အနီရောင်အုတ်ဖြင့် ဆောက်လုပ်သည့် ပန်းစုံဗူးအဆောက်အအုံ၊ အမှတ်တံဆိပ်အဆောက်အအုံ စသည့် ထူးခြားသော ဗိသုကာအဆောက်အအုံများသည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိပါသည်။

ဤမြို့နယ်သည် ယဉ်ကျေးမှုအနုပညာ၊ ယဉ်ကျေးမှုလုပ်ငန်း၊ ယဉ်ကျေးမှုလက်တွေ့ခံစားနိုင်သောစီမံကိန်း စသည်တို့ကို အမှီသဟဲပြုကာ “လုပ်ငန်းရှင်+အနုပညာရှင်”ပုံစံဖြင့် အနုပညာ၊ ဗိသုကာ၊ ရှုခင်းရှုကွက်နှင့် ထွန်းသစ်စနေထိုင်မှုဘ၀ခံစားချက်များ ပြည့်ဝစွာ ပေါင်းစပ်လိုက်ပြီး ယဉ်ကျေးမှုအနုပညာ၏ ကျော်ကြားထင်ရှားမှုကို အဆက်မပြတ်မြှင့်တင်လျက်ရှိပါသည်။

(ဆင်ဟွာသတင်းဝက်ဘက်ဆိုက်သတင်းထောက်--Pu Fan)