ကူမင်းတျိန်ချီချောင်ဟိုင်စိမ့်မြေအရပ်သည် ဗျိုင်းဖြူကျက်စားရာနေရာဖြစ်လာ

2018-08-22 17:55:19 |သတင်းအရင်းအမြစ် 云南日报

နွေရာသီ မနက်ပိုင်း နေထွက်ချိန်က ကူမင်းတျိန်ချီ ဟိုင်ကိန်ရေကာတာတွင် မြို့သူမြို့သားများစွာတို့သည် ကျန်းမာရေးလေ့ကျင့်ခန်း လုပ်နေကြသည်။ ဘေးနားရှိ စိမ့်မြေအရပ်နယ်မြေတွင် ဗျိုင်းဖြူများစွာသည် ရေမျက်နှာပြင်ပေါ်တွင် ပေါ့ပါးဖျတ်လတ်စွာ ပျံသန်းနေကြသည်။ ငှက်အုပ်စုသည် ပျံသန်းရင်းနှင့် ရပ်နားရင်းဖြင့် အစာရှာကြပါသည်။ အနီးက ရေပေါ်ရုက္ခပင်နှင့် အဝေးကတောင်တန်းများ၏ တပြေးညီဖြစ်နေသော သဘာဝအလှတရား ပန်းချီကားတစ်ချပ်ကို ဖန်တီးလျက်ရှိနေသည်။

ယခုနှစ်ပိုင်း တျိန်ချီပတ်ဝန်းကျင်ရှိ စိမ့်မြေအရပ်နယ်မြေဧရိယာအကျယ်အ၀န်းမှာ တဖြည်းဖြည်းချင်း တိုးများလာသည်နှင့်အညီ စိမ်းလန်းစိုပြေသော ရေမြက်ပြင် မြိုင်မြိုင်ဆိုင်ဆိုင် ရှင်သန်လျက်ရှိပါသည်။ စိမ့်မြေအရပ်နယ်မြေရှိ ရေပြင်နယ်နိမိတ်တွင် ဗျိုင်းဖြူ အုပ်စုသည် ဤနေရာတွင် လာရောက် ကျက်စားနေသည်။ ဘေးနားတွင် နေထိုင်သည့် မြို့သူမြို့သားတို့သည် ငှက်များ ရေပေါ်တွင် ပျံလွှားပုံကို ရှုစားနိုင်ကြပါသည်။ ကျေးငှက်များသည် ရေပေါ်တွင် မြူးထူးစွာ ပျံသန်းရင်းကစားကြပါသည်။ ပိုများလာသော ဗျိုင်းဖြူနှင့် အခြားသောကျေးငှက်တို့သည် စိမ့်မြေအရပ်နယ်မြေနှင့် မြစ်ချောင်းကလေးတွင် နေထိုင်ကျက်စားလာကြပါသည်။ နွေရာသီတွင် ရှုစားနိုင်သော သာယာလှပသည့် ရှုခင်းရှုကွက်ဖြစ်လာပါတော့သည်။

(ယူနန်သတင်းဝက်ဆိုက် သတင်းထောက်--Zhang Tong)