ယူနန်ဝန်စန်ပြည်နယ်ခွဲ ဟိုရဲရွာသည် “ရောင်စုံပန်းချီရွာ” ဖြစ်လ

2018-08-23 18:24:22 |သတင်းအရင်းအမြစ် 云南网

ဟိုရဲရွာသည် ယူနန်ဝန်စန်ပြည်နယ်ခွဲ ကွမ်နန်ခရိုင် ဘာပေါင်မြို့နယ်တွင် တည်ရှိပြီး ၂၀၁၈ ခုနှစ် ကွမ်နန်ကမ္ဘာ့စပါးယဉ်ကျေးမှုခရီးသွားလာရေးပွဲတော်ကို ကျင်းပသည့် အရေးပါသော ကျေးရွာဖြစ်သည်။ ဘာပေါင်မြို့နယ်နှင့် (၁၀) ကီလိုမိတာ ကွာဝေးပြီး ကားဖြင့် သွားလျှင် (၁၀)မိနစ်သာ ကြာသည်။

ယခုရက်ပိုင်း ဟိုရဲရွာသည် ရောင်စုံပန်းချီရွာဖြစ်လာပါသည်။ ဤရွာကလေးရှိ သစ်ပင်တိုင်းတွင် မြွေ၊ ကြွက်၊ ဇီးကွက်၊ ရှဥ့်စသည့် တိရစ္ဆာန်ပုံများဖြင့် ပန်းချီဆွဲထားလျက်ရှိပါသည်။ ကျေးရွာအိမ်နံရံသည်လည်း ရောင်စုံနံရံဖြစ်လာသည်။ ဤကျေးရွာတွင် လည်ပတ်ကြည့်ရှုလျှင် ပန်းချီကားတွင်း ၀င်ရောက်သကဲ့သို့ပင်ဖြစ်ပါသည်။

အသက်ဝင်သော ရောင်စုံပန်းချီကားများမှာ ခရီးသည်များစွာအား အမှတ်တရဓာတ်ပုံရိုက်ကူးရန် ဆွဲဆောင်လျက်ရှိနေပါသည်။ ချီးကျူးသံများစွာလည်း ကြားရပါသည်။ အချို့သော ဧည့်သည်များသည် ဤပန်းချီများကို ကိုယ်တိုင်ထိတွေ့ခံစားကြသည်။

(သတင်းထောက်--Zuo Xuejia၊ ပုံ--Zhai Jian)