မြန်မာနိုင်ငံ ညောင်ဦးဖီးကျွန်း အောက်တိုဘာလ ဖွင့်လှစ်မည်

2018-08-27 07:43:57 |သတင်းအရင်းအမြစ် 云南网

မြိတ်ကျွန်းစုရှိ ညောင်ဦးဖီးကျွန်းခရီးသွားလာရေးမိတ်ဆက်ပွဲကို သြဂုတ်လ(၂၁)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပခဲ့ပါသည်။ ခရီးသွားဧည့်သည်များစွာအတွက် မြိတ်ကျွန်းသည် အရှေ့တောင်အာရှနိုင်ငံများတွင် အထူးရွေးချယ်သင့်သော ခရီးသွားထိပ်တန်းဒေသဖြစ်ပြီး “National Geographic”မဂ္ဂဇင်းမှ အသွားသင့်ဆုံးသောခရီးသွားထိပ်တန်းဒေသဟု ချီးမွမ်းရွေးချယ်ခဲ့သည်။

လွန်ခဲ့သော(၅)နှစ်ကာလအတွင်း နှစ်စဉ် ခရီးသည်တစ်သန်းကျော်သည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ သွားရောက်လေ့လာကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ခရီးသည်ဦးရေ တစ်သန်းကျော်၊ ၂၀၁၃ ခုနှစ်တွင် နှစ်သန်းကျော်၊ ၂၀၁၄ ခုနှစ်တွင် သုံးသန်းကျော်၊ ၂၀၁၅ ခုနှစ်တွင် လေးသန်းကျော်၊ ၂၀၁၆ ခုနှစ်တွင် သုံးသန်းနီးပါး၊ ၂၀၁၇ ခုနှစ်တွင် သုံးသန်းလေးသိန်း ကျော်ပါကြောင်း၊ ၎င်းအနက် တရုတ်နိုင်ငံခရီးသည်ဦးရေမှာ ဒုတိယနေရာတွင် အမြဲတမ်းရပ်တည်လျက် ရှိနေပါကြောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစ၍ တရုတ်ခရီးသွားဧည့်သည်များအတွက် ဆိုက်ရောက်ဗီဇာလျှောက်ခွင့်ပေးအပ်မည်ဖြစ်ကြောင်း ကူမင်းအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်က မိတ်ဆက်ပြောကြားပါသည်။

အဆိုပါမိတ်ဆက်ပွဲတွင် Impression of Myanmar Travels and Toursကုမ္ပဏီမှ တာဝန်ရှိသူသည် မြိတ်ကျွန်းစုရှိ ညောင်ဦးဖီးကျွန်းခရီးသွားအရင်းအမြစ်နှင့် ခရီးစဉ်ကို မိတ်ဆက်ပေးခဲ့ကြောင်း သိရပါသည်။

မြိတ်ကျွန်းစုသည် မြန်မာနိုင်ငံတောင်ဖက်အစွန်အဖျားဒေသတွင်တည်ရှိပြီး အင်ဒိုချိုင်းနားကျွန်းဆွယ် တစ်လျှောက်ရှိ အကြီးဆုံးကျွန်းစုဖြစ်သည်။ ထိုင်းနိုင်ငံနှင့် နီးစပ်ပြီး ကမ္ဘာပေါ်တွင် တစ်ခုတည်းသော သဘာဝကျွန်းစုလည်းဖြစ်သည်။ မြိတ်ကျွန်းစုရှိ ညောင်ဦးဖီးကျွန်းသည် ဟိုတယ်နှင့်စားသောက်ဆိုင် ပြည့်စုံသော ကျွန်းကလေးဖြစ်ပြီး တဆက်တည်းရှိသော ငွေရောင်ကမ်းခြေသည် စိတ်ကြည်နူးပျော်ရွှင်မှုကို ပေးစွမ်းနိုင်ပါသည်။ ငြိမ်သက်နေသော ပင်လယ်အော်၊ ကြည်လင်နေသောပင်လယ်ရေ စသည့်အလှတရားများကို ရှုစားနိုင်ပါသည်။

(သတင်းထောက်--Zi Yuelu)