ခူမူထာကယ့် သဲကန္တာရသည် ဆန်းတင့်ဝေဆာလှသော သဲပင်လယ်ကြီးကြောင့် နာမည်ကျော်ကြား ထင်ရှားလှပါသည်။ လေပြင်းတိုက်ခတ်ပြီး သဲမုန်တိုင်းဖြစ်ပေါ်လာသည်။ သဲမုန်တိုင်းတိုက်ခတ်ရာတွင် သဲမြေမျက်နှာသွင်ပြင်ကို ရွေ့လျားပြောင်းလဲစေပြီး ပုံပန်းသဏ္ဌာန်အမျိုးမျိုးသော သဲမြေမျက်နှာသွင်ပြင်များကို ဖြစ်ပေါ်လာစေသည်။
မြေမျက်နှာအသွင်အပြင်လည်း အပြောင်းအလဲကြီးလှပါသည်။ ကုန်းပေါ်တွင် ဖြစ်စေ၊ ပင်လယ်ပေါ်တွင်ဖြစ်စေ၊ ရှေးအခါမှ ယခုခေတ်တွင်ဖြစ်စေ၊ ပြည်တွင်းပြည်ပတွင်ဖြစ်စေ တွေ့ရှိသမျှသော မတူညီသည့်ပုံပန်းသဏ္ဌာန်မျိုးစုံကို ဤနေရာတွင် ပြန်လည်ရှာဖွေတွေ့ရှိနိုင်ပါသည်။