ယူနန်ကွမ်နန်းခရီးသွားလာရေးပွဲတော်တွင် ဒေသ စားကောင်းသောက်ဖွယ်များ မြည်းစမ်းသုံးဆောင်နိုင်

2018-09-20 19:03:30 |သတင်းအရင်းအမြစ် 新华网

တရုတ်ကွမ်နန်း ၂၀၁၈ ခုနှစ် ကမ္ဘာ့စပါးယဉ်ကျေးမှုနှင့်ခရီးသွားလာရေးပွဲတော်ကို စက်တင်ဘာလ(၁၉)ရက်နေ့က ယူနန်ဝေစန်ကျွမ့်၊ မြောင်တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကွမ်နန်းခရိုင် လျန်ချန်မြို့နယ်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

အဆိုပါပွဲတော်တွင်ဒေသအသီးသီးမှ ဧည့်သည်တို့သည် ကွမ်နန်းထူးခြားသော အရသာကောင်းမွန်သော ဟင်းလျာ(၁၀၀)ကျော်ကို မြည်းစမ်းသုံးဆောင်နိုင်ကြောင်း သိရပါသည်။
ဆင်ဟွာသတင်းထောက်--Yang Zongyou

တမူထူးခြားသော ကွမ်နန်းရောင်စုံထမင်း။

 ပြည်တွင်းပြည်ပဧည့်သည်တို့သည် ပေါများကြွယ်ဝသော ကွမ်နန်းစားကောင်းသောက်ဖွယ်များကို ဓာတ်ပုံရိုက်ကြစဉ်။ 

ဝန်ထမ်းများ ဒေသထူးခြားသော စားကောင်းသောက်ဖွယ်များအား ပြင်ဆင်လျက်ရှိနေသည်။