ဆန်းတင့်ဝေဆာလှသော လီကျန်းနှင်းတောင်၊ ပန်းမန်ပင်လယ်၊ ရောင်စုံမီးပုံးပွဲတော်

2018-10-09 17:35:53 |သတင်းအရင်းအမြစ် 新华网

နှင်းတောင်အလှတရား၊ ပန်းမန်ပင်လယ်အလှတရား၊ ရောင်စုံမီးပုံးအလှတရား လာရောက်ရှုစားကြည့်ရှုပါ။

“၂၀၁၈ ခုနှစ် တရုတ်လီကျန်းနှင်းတောင်မြို့နယ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲတော်နှင့် ပထမဆုံးအကြိမ် ဆန်းတင့်ဝေဆာလှသော လီကျန်းနှင်းတောင်၊ ပန်းမန်ပင်လယ်၊ ရောင်စုံမီးပုံးပွဲတော်”မှာ ခရီးသည်နှင့်မြို့သူမြို့သားတို့၏ နှစ်သက်အားပေးခြင်းကို ခံရပါသည်။ ဤလှုပ်ရှားမှုသည် အောက်တိုဘာလ(၃၁)ရက်နေ့ထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါပွဲတော်၏ ဧရိယာအကျယ်အ၀န်းမှာ (၄)သိန်းစတုရန်းမီတာရှိပြီး ယခုလက်ရှိကာလအထိ လီကျန်း၏ အကြီးဆုံးရိုးရာမီးပုံးပွဲတော်ဖြစ်သည်။ ဤမီးပုံးပွဲတော်မှာ အဓိကဆောင်ပုဒ်ဖြင့် ဒေသဇုန်များစွာကို ခွဲခြားခင်းကျင်းပြသပြီး တမူထူးခြားသော ယဉ်ကျေးမှုအနှစ်သာရများ ပါရှိသည်။ ခေတ်မီသောသိပ္ပံနည်းပညာနှင့် ရိုးရာအနုပညာ အသုံးပြုခြင်းမှတဆင့် အသံ၊ အလင်း၊ ပုံစံ၊ အရောင်နှင့် လျှပ်စစ်မီး စသည်တို့ အပြည့်အ၀ ပေါင်းစည်းရောစပ်နိုင်သည့်အတွက်ကြောင့် ခရီးသည်တို့အား အပန်းဖြေလည်ပေတ်ဖျော်ဖြေရန် ဆွဲဆောင်လျက်ရှိနေသည်။ ညပိုင်းတွင် ဆန်းတင့်ဝေဆာလှသော ရောင်စုံမီးပုံးမှ ဖြာထွက်လာသောအလင်းသည် ခရီးသည်များစွာအား စိတ်ဝင်စားစေပါသည်။ ဤအလှတရားများအား နောက်ခံထားကာ တစ်ယောက်ချင်း၊ အုပ်စုလိုက် အမှတ်တရဓာတ်ပုံ ရိုက်ကူးကြပါသည်။

(သတင်းထောက်--Li Ning)